နောက်ခံသမိုင်းကြောင်း

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ရန်ကုန်တိုင်းဒေသကြီး၊ရန်ကုန်အနောက်ပိုင်းခရိုင် (ဗဟန်း)လူထုအခြေပြုဗဟိုဌာန(Community Centre)အဖြစ် ပြောင်းလဲလာမှုသမိုင်း

          ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်(ဗဟန်း) လူထုအခြေအပြုဗဟိုဌာန (Community Centre)ကို ယခင်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးအဖြစ် ဗဟန်းမြို့နယ် ငါးထပ်ကြီးဘုရားနှင့် ရွှေဂုံတိုင်လမ်းမကြားရှိပြီး မြေတိုင်းရပ်ကွက် အမှတ်(၂အီး) မြေကွက်အမှတ်(၄၂၁/ဒီ/၆အေ)ဧရိယာရှိ(၀.၃၀၅)ဧကရှိ မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနမှ ၁၆-၉-၁၉၉၂ ရက်နေ့မှစတင်၍(၃)နှစ်ယာယီ‌မြေအသုံးပြုခွင့်ကို(၁၆-၉-၁၉၉၂)ရက်စွဲပါစာအမှတ်၊မခ/မအခ /၃(ဗအ-၃/၉၁)(၂၇၆)ဖြင့် ခွင့်ပြုပေးခဲ့ပါသည်။ ဗဟန်းမြို့နယ်ရုံးကို ၁၉၉၁-၁၉၉၂ ဘဏ္ဍာရေးနှစ်တွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီရုံး၊ အင်ဂျင်နီယာဌာန(အဆောက်အအုံ)၏ ခွင့်ပြုချက် ဖြင့်အဆောက်အအဦဆောက်လုပ်ခဲ့ပါသည်။ရန်ကုန်အနောက်ပိုင်းခရိုင် (ဗဟန်း) လူထုအခြေပြုဗဟို ဌာန(Community Centre) အဖြစ် (၁-၁-၂၀၂၀) ရက်နေ့တွင် စတင်ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပြီး၊ ဖွင့်ပွဲ အခမ်းအနားကို (၈-၂-၂၀၂၀)ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် နိုင်ငံတော်မှ ငွေကျပ်(၄၈၄ဒသမ၁သန်း)ဖြင့် အကုန်အကျခံကာ နိုင်ငံတကာအဆင့်မှိ တည်ဆောက် ပေးထားခြင်းဖြစ်ပါသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  ၊ ရန်ကုန်အနောက်ပိုင်းခရိုင် (ဗဟန်း)ရုံးသည်

ပြည်သူ့စာကြည့်တိုက်၌ ပြည်သူများအတွက် စာဖတ်၊ စာငှားလုပ်ငန်းများအပြင် ခရိုင်နှင့်မြို့နယ် အသီးသီး၏ ဒေသဖွံ့ဖြိုးရေးဆောင်ရွက်ချက်များကို သတင်းမှတ်တမ်းရိုက်ကူးရယူ၍ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား အစီအစဉ်များ၊နေ့စဉ်သတင်းစာများတွင်ဖော်ပြနိုင်ရန် ပေးပို့ဆောင်ရွက်ခြင်း၊သတင်း မှတ်တမ်းအဖြစ်ထိန်းသိမ်းခြင်း၊ ပြည်သူများသိရှိအောင် ပြခန်းများပြသခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

ရန်ကုန်တိုင်းဒေသကြီး၊ရန်ကုန်အနောက်ပိုင်းခရိုင်နှင့်မြို့နယ်များအနေဖြင့် ပြည်သူ့စာကြည့် တိုက်များ၌ စာအုပ်များ ငှားရမ်းဖတ်ရှုလိုသည့် စာပေဝါသနာရှင် ပြည်သူများသည် အခမဲ့ အသင်းဝင် ရောက်ပြီး သုတ၊ရသစာအုပ်စာစောင်များ ငှားရမ်းဖတ်ရှုနိုင်အောင်စီစဉ်ဆောင်ရွက် ပေးလျှက်ရှိပါ သည်။ ထို့အပြင် ကျေးလက်နေပြည်သူများအတွက် လူစွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်လာ စေရန် မိမိတို့စာကြည့်တိုက်ရှိ သုတ၊ရသစာအုပ်များအနက် ကျေးလက်နေပြည်သူများ နှစ်သက်သည့် ကောင်းနိုးရာရာ သုတ၊ရသစာအုပ်စာစောင်များ ငှားရမ်းပေးခြင်း ပညာပေးဓာတ်ပုံနှင့် နံရံကပ် စာစောင်များ ခင်းကျင်းပြသခြင်း၊ ပညာပေးဟောပြောပွဲများကျင်းပခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊နယ်လှည့်ကွင်းဆင်း ပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

လူထုအခြေပြုဗဟိုဌာန(Community Centre)

လူထုအခြေပြုဗဟိုဌာန(Community Centre)သည် ပြည်သူများ အသိပညာရှာမှီးရာနေရာ ပြည်သူများ သတင်းအချက်အလက်ရှာဖွေရာနေရာ၊ ပြည်သူများ တိုင်းကျိုး ပြည်ကျိုး၊ ရပ်ကျိုး၊ ရွာကျိုးများ ဆွေးနွေးတိုင်ပင်ရာနေရာ ပြည်သူများအပန်းဖြေရာနေရာ လူထုစိတ်ဝင်စားသော အကူအညီတောင်းခံ နိုင်သော ပေါင်းစပ်ဆောင်ရွက်ပေးနိုင်သောရပ်ရွာအတွက်တန်ဖိုးရှိသောအသုံးဝင်သောပုံဖော်ဆောင်ရွက် နိုင်ရန်အတွက် မိမိတို့ရုံးများကို လူထုအခြေပြုဗဟိုဌာန(Community Centre)အဖြစ် ပေါ်ပေါက်လာ စေရန် ဆောင်ရွက်ခဲ့ပါသည်။

          မူလစာကြည့်တိုက်လုပ်ငန်းများအပြင် ပြည်သူများဆွေးနွေးနိုင်သောနေရာ၊ ရပ်ကွက်ကောင်းကျိုး၊ ဒေသကောင်းကျိုးအတွက် သတင်းအချက်အလက်များ ရယူဖလှယ်နိုင်ရာ ပညာပေးလုပ်ငန်းများ  စုပေါင်း

ဆောင်ရွက်နိုင်သော နေရာလူငယ်များအတွက် အသိပညာအတတ်ပညာများ ဆွေးနွေးပို့ချနိုင်သော နေရာအဖြစ် အသုံးပြုနိုင်စေရန် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်လျှက် ရှိပါသည်။

          ထိုသို့ လူထုအခြေပြုဗဟိုဌာနအဖြစ် ဆောင်ရွက်ခဲရာ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန် အနောက်ပိုင်းခရိုင်(ဗဟန်း) လူထုအခြေပြုဗဟိုဌာန(Community Centre)(၃)ထပ်အဆောက်အဦ ဖွင့်ပွဲကို (၈-၂-၂၀၂၀) ရက်နေ့တွင် ခမ်းနားစွာကျင်းပပြုလုပ်ခဲ့ရာ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများ တက်ရောက် ချီးမြှင့်ဖွင့်လှစ်ပေးခဲ့ပါသည်။ လူထုအခြေပြုဗဟိုဌာန (Community Centre) (ဗဟန်း) အဆောက်အဦသစ်ဖွင့်လှစ်ပြီး ပြည်သူများ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဖွင့်လှစ်သည့်သင်တန်းများမှ တစ်ဆင့် အတတ်ပညာများရှာမှိးနိုင်သည့်နေရာ စာပေမှတစ်ဆင့် အသိပညာဗဟုသုတများရှာမှီး ရရှိရာနေရာ သတင်းအချက်အလက်များရှာဖွေလေ့လာဖြန့်ဝေနိုင်သည့် ပြည်သူအကျိုးပြုရာ နေရာ တစ်ခုဖြစ်လာစေရန် လူကြီးလူငယ်မ‌ရွေး (Community Centre) အားအသုံးပြု ဝင်ထွက် သွားလာနိုင်သည့် အများပြည်သူရင်းနှီးကျွမ်းဝင်ရာနေရာဖြစ်လာစေရန် ဒေသခံပြည်သူများအားလုံး (Community Centre)သို့ လာရောက်စုရုံးကာ မိမိတို့၏ရပ်ကွက်အကျိုး စုပေါင်းဆွေးနွေး တိုင်ပင်ရာနေရာတစ်ခုဖြစ်ပေါ်လာစေရန် ပြည်သူအကျိုးရှိစွာ အသုံးပြုနိုင်သည့် လူထုအခြေပြုဗဟို ဌာန အဖြစ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။