ပြိုင်ပွဲကျင်းပမှုများ
ဗဟန်းမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု ဟောပြောပွဲ၊ ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပပြုလုပ်
ဗဟန်း ဇူလိုင် ၂၁ ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ဗဟန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာ ဦးစီး ဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေး ဟောပြောပွဲ၊ ပြိုင်ပွဲများ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲ တို့ကို ယမန်နေ့က အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ၊မိုးဦးပန်းခန်းမ၌ ကျင်းပပြုလုပ် ခဲ့သည်။ အခမ်းအနားတွင် အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်ဒေါ်ခိုင်ဆုရည်ဇော်…
လူထုအခြေပြုဗဟိုဌာန(ဗဟန်း)တွင် (၇၉)နှစ် မြောက်အာဇာနည် နေ့အကြို ဟောပြောပွဲ နှင့်ပြပွဲ၊ပြိုင်ပွဲများကျင်းပ
ဗဟန်း ဇူလိုင် ၁၆ ရန်ကုန်တိုင်းဒေသကြီး၊ရန်ကုန်အနောက်ပိုင်းခရိုင်၊ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊လူထုအခြေပြုဗဟိုဌာန(ဗဟန်း)၊ Community Centre ခန်းမ၌ ယနေ့ မွန်းလွဲ ၁နာရီအချိန် ( ၇၉)နှစ် မြောက် အာဇာနည် နေ့အကြို ဟောပြောပွဲ နှင့်ပြပွဲ၊ပြိုင်ပွဲများကျင်းပ ခဲ့ကြောင်း သိရသည် ရှေးဦးစွာပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူးဒေါ်အေးအေးခိုင် ကအဖွင့်အမှာစကားပြောကြားပြီး စာရေးဆရာမ ညွှန့်ညွှန့်( ကလော)က အာဇာနည်၏ အဓိပ္ပါယ်…
အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အကြိုဟောပြောပွဲနှင့်ပြိုင်ပွဲများကျင်းပ
ဗဟန်း ဇွန် ၁၈ ရန်ကုန်တိုင်းဒေသကြီး၊ရန်ကုန်အနောက်ပိုင်းခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ဗဟန်းလူထုအခြေပြုဗဟိုဌာနတွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အကြိုဟောပြောပွဲ ၊ ပြိုင်ပွဲများ၊နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲကို ဟောပြောပွဲ၊ပြိုင်ပွဲများ၊ နံရံကပ်စာစောင်ပြပွဲ၊စာအုပ်ပြပွဲကို ယနေ့နံနက်၁၁နာရီအချိန်က ကျင်းပခဲ့ကြောင်းသိရသည်။ ရှေးဦးစွာ ရန်ကုန်အနောက်ပိုင်းခရိုင်၊ဦးစီးအရာရှိ ဦးရန်ငြိမ်းက အဖွင့်အမှာစကားပြောကြားပြီး စာရေးဆရာမပေါက်ပေါက်က မူးယစ် ဆေးဝါး၏အဓိပ္ပါယ်၊မူးယစ်ဆေးဝါးအမျိုးအစားများ၊မူးယစ်ဆေးဝါးကြောင့်ဖြစ်တတ်သောရောဂါများအကြောင်းနှင့်ဆိုးကျိုးများအကြောင်းကို”ရှောင်လေဝေးဝေးမူးယစ်ဆေး”ခေါင်းစဉ်ဖြင့်ဟောပြောခဲ့ကြောင်းသိရပါသည်။ ထို့နောက်တက်ရောက်လာကြသောကျောင်းသားကျောင်းသူများက စာစီစာကုံးပြိုင်ပွဲ၊ဉာဏ်စမ်းပြိုင်ပွဲ၊ဆေးရောင်ခြယ်ပြိုင်ပွဲ၊ပုံပြင်ပြောပြိုင်ပွဲ၊ကဗျာရွတ်ဆိုပြိုင်ပွဲနှင့်ပန်းချီရေးဆွဲပြိုင်ပွဲများကိုဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများအားအမှတ်တရလက်ဆောင်ပစ္စည်းများ ပြန်လည် ပေးအပ်ခဲ့ပြီးပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှခင်းကျင်း ပြသ ထားသော ဗဟုသုတရရှိစေသည့်…
ဗဟန်းမြို့နယ်၌ဂီတနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့်မြန်မာမှုအဆိုပြိုင်ပွဲကျင်းပ
ဗဟန်း မေ ၂၄ ၂၀၂၆ခုနှစ်ဇွန်လ(၂၇)ရက်နေ့တွင်ကျရောက်မည့်ဂီတနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့်မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟန်း)ကစီစဥ်ကျင်းပသောမြန်မာမှုအဆိုပြိုင်ပွဲကိုယနေ့မွန်းလွဲပိုင်းကရန်ကုန်အနောက်ပိုင်းခရိုင်၊လူထုအခြေပြုဗဟိုဌာန(ဗဟန်း)၌ကျင်းပသည်။ ဦးစွာအခမ်းအနားကိုဗဟန်းဂီတသီးချင်းဖြင့် ဂီတအစည်းအရုံး(ဗဟန်း)အဖွဲ့ဝင်များကသီဆိုကြပြီးမြန်မာနိုင်ငံဂီတအစည်းအရုံး(ရန်ကုန်တိုင်းဒေသကြီး)ဥက္ကဌ ဦးလတ်ကအဖွင့်အမှာစကားပြောကြားသည်။ဆက်လက်၍ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်ခိုင်ဆုရည်ဇော်ကမုဒိတာစကားပြောကြားသည်။ ယင်းနောက်မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟန်းမြို့နယ်)ဥက္ကဌ ဦးအောင်ကျော်ထွန်းကမြန်မာမှုအဆိုပြိုင်ပွဲကျင်းပရခြင်း၏ရည်ရွယ်ချက်ကိုပြောကြားပြီးမြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟန်းမြို့နယ်) အတွင်းရေးမှူးနီလာ(ဓါတု)ကမြန်မာမှုအဆိုပြိုင်ပွဲအမှတ်ပေးအစီအစဥ်များကိုရှင်းလင်းပြောကြားသည်။ဆက်လက်၍မြန်မာမှုအဆိုပြိုင်ပွဲအတွက်အလှူရှင်များကအလှူငွေများပေးအပ်ကြရာမြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟန်းမြို့နယ်)ဥက္ကဌကလက်ခံရယူခဲ့ပြီးမြန်မာမှုအဆိုပြိုင်ပွဲဝင်များကမြန်မာမှုတေးသီချင်းများဖြင့်ယှဥ်ပြိုင်သီဆိုကြသည်။ ယင်းနောက်မြန်မာမှုအဆိုပြိုင်ပွဲတွင်ဆုရရှိသူများကိုမြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟန်းမြို့နယ်)ဥက္ကဌက ဆုများအသီးသီးချီးမြှင့်ပေးအပ်ခဲ့ပြီးရန်ကုန်အနောက်ပိုင်းခရိုင်၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊လက်ထောက်ညွှန်ကြားရေးမှူးဒေါ်အေးအေးခိုင်ကကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်းသိရသည်။
ရသစာစဥ် စာအုပ်ထုတ်ဝေခြင်း လေးနှစ်ပြည့် အခမ်းအနားကျင်းပ
ရသစာစဥ်စာအုပ်ထုတ်ဝေခြင်းလေးနှစ်ပြည့် အထိမ်းအမှတ်စာရေးဆရာများ တွေ့ဆုံပွဲကိုယနေ့ နံနက်ပိုင်းတွင်ရန်ကုန်အနောက်ပိုင်းခရိုင်၊ လူထုအခြေပြုဗဟိုဌာန(ဗဟန်း) Community Centreခန်းမ ၌ ကျင်းပခဲ့သည်။ ဦးစွာ ရန်ကုန်အနောက်ပိုင်းခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင်က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး ရသစာစဉ်အဖွဲ့ နာယက ဆရာမှော်ဝန်းကြည်မြတ်က အဖွင့်အမှာစကား ပြောကြားသည်။ ဆက်လက်၍ စာရေးဆရာသန်လျင်မောင်မောင်ဦး ၊ ရသစာစဉ်အဖွဲ့နာယက ဆရာမကြီးလေးခင် (တော်ဝင်ပန်း)တို့ကအသီးသီးအမှာစကားများပြောကြားကြသည်။ ယင်းနောက်စာရေးဆရာ…
လူထုအခြေပြုဗဟိုဌာန(ဗဟန်း)တွင် အသိပညာပေးဟောပြောပွဲကျင်းပ
ဗဟန်း ဧပြီ ၂၄ ရန်ကုန်တိုင်းဒေသကြီး၊ရန်ကုန်အနောက်ပိုင်းခရိုင်၊ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊လူထုအခြေပြုဗဟိုဌာန(ဗဟန်း)၊ Community Centre ခန်းမ၌ ယမန်နေ့ နေ့လည် ၁နာရီအချိန်က လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပခဲ့ကြောင်းသိရသည်။ ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူးဒေါ်အေးအေးခိုင်ကအဖွင့်အမှာစကားပြောကြားပြီး စာရေးဆရာမပေါက်ပေါက်က စာပေအမျိုးအစားများအကြောင်း၊ စာပေဖတ်ရှု့ခြင်းကြောင့် ရရှိနိုင်သောအကျိုးကျေးဇူးများ ၊စာပေ မဖတ်ရှု့ခြင်းကြောင့် တွေ့ကြုံရသောအခက်အခဲများအကြောင်းကို…
လူထုအခြေပြုဗဟိုဌာန(ဗဟန်း)တွင်(၇၉)နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ် MLBB(Mobile Legends Bang Bang )ပြိုင်ပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ
ဗဟန်း ဖေဖော်ဝါရီ ၁၂ ရန်ကုန်တိုင်းဒေသကြီး၊ကမာရွတ်ခရိုင်၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထု အခြေပြုဗဟိုဌာန(ဗဟန်း) တွင် (၇၉)နှစ် မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ်ဖိတ်ခေါ်MLBB(Mobile Legends Bang Bang) ပြိုင်ပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ၃နာရီက ကျင်းပ ခဲ့ကြောင်းသိရပါသည်။ အဆိုပါဖိတ်ပြိုင်ပွဲကိုဗဟန်းမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဌက ကြီးမှူး၍ ဗဟန်းမြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကျင်းပပေးပြီးပြိုင်ပွဲတွင် အဖွဲ့ပေါင်း(၈၀) က MLBB(Mobile Legends Bang…
လူထုအခြေပြုဗဟိုဌာန(ဗဟန်း)၌ လူငယ်ရေးရာဟောပြောပွဲ၊ ပြိုင်ပွဲများ၊နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲကျင်းပ
ဗဟန်း ဖေဖော်ဝါရီ ၆ ရန်ကုန်တိုင်းဒေသကြီး၊ရန်ကုန်အနောက်ပိုင်းခရိုင်၊ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ဗဟန်းလူထုအခြေပြုဗဟိုဌာနတွင် လူငယ်ရေးရာဟောပြောပွဲ၊ပြိုင်ပွဲများ၊နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်၊စာစောင် ပြပွဲများကို ယနေ့နံနက်၁၁နာရီအချိန်က ကျင်းပခဲ့ကြောင်းသိရသည်။ ရှေးဦးစွာလက်ထောက်ညွှန်ကြားရေးမှူးဒေါ်အေးအေးခိုင်က အဖွင့်အမှာစကားပြောကြားပြီး လူငယ်များစာဖတ်သည့်အလေ့အကျင့်များ ရရှိစေရန်ယဉ်ကျေးလိမ္မာသောလူငယ်များဖြစ်လာစေရန် အတွက်”လူငယ်နှင့်စာပေ”ခေါင်းစဉ်ဖြင့်စာရေးဆရာမပေါက်ပေါက်ကဟောပြောခဲ့ကြောင်းသိရ ပါ သည်။ ထို့နောက်တက်ရောက်လာကြသောကျောင်းသားကျောင်းသူများ ကစာစီစာကုံး ပြိုင်ပွဲ ၊ဆေး ရောင်ခြယ်ပြိုင်ပွဲ၊ပုံပြင်ပြောပြိုင်ပွဲ၊ကဗျာရွတ်ဆိုပြိုင်ပွဲနှင့်ပန်းချီရေးဆွဲပြိုင်ပွဲများကိုဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများအားအမှတ်တရလက်ဆောင်ပစ္စည်းများပြန်လည်ပေးအပ်ခဲ့ပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော ဗဟုသုတရရှိစေသည့်နံရံကပ်စာစောင်များနှင့် စာအုပ်စာစောင်ပြပွဲများ…