Community Centre

လူထုအခြေပြုဗဟိုဌာန( ဗဟန်း)၌ သတင်းရိုက်ကူးတည်းဖြတ်နည်းသင်တန်း ( ၁/၂၀၂၆) ဖွင့်လှစ်

ဗဟန်း     အောက်တိုဘာ  ၂၁       ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ရန်ကုန် အနောက်ပိုင်းခရိုင်၊ လူထုအခြေပြုဗဟိုဌာန ( ဗဟန်း) တွင်  သတင်းရိုက်ကူးတည်းဖြတ်နည်းသင်တန်း ( ၁/၂၀၂၆)      ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန်၌ ကျင်းပခဲ့ကြောင်းသိရသည်။ ဦးစွာရန်ကုန်အနောက်ပိုင်းခရိုင် လက်ထောက်ညွှန် ကြားရေးမှူးဒေါ်အေးအေးခိုင်ကသင်တန်းဖွင့်အမှာစကားပြောကြားရာတွင် မိမိတို့ဌာနအနေဖြင့် သတင်းရေးသားခြင်းနှင့် video ရိုက်ကူးတည်းဖြတ်ရာတွင် မှန်ကန်မြန်ဆန်စွာ ရေးသားနိုင်စေရန်ရည်ရွယ်၍ဖွင့်လှစ်ရကြောင်းပြောကြားသည်။ထို့နောက်သတင်းသဘောတရားဘာသာရပ်ကိုသင်ကြားပို့ချခဲ့ကြောင်းသိရသည်။ အဆိုပါသင်တန်းတွင် ရန်ကုန်အနောက်ပိုင်းခရိုင်အတွင်းရှိ ဝန်ထမ်းများ…

Read More

လူထုအခြေပြုဗဟိုဌာန ( ဗဟန်း)၌ အခွန်ဆိုင်ရာရှင်းလင်းဆွေးနွေးခြင်းအခမ်းအနားကျင်းပ

ဗဟန်း   အောက်တိုဘာ  ၂၃    ရန်ကုန်တိုင်းဒေသကြီး၊ရန်ကုန်အနောက်ပိုင်းခရိုင်၊ပြန် ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊လူထုအခြေပြုဗဟိုဌာန(ဗဟန်း)၊ Community Centre ခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်က၂၀၂၆-၂၀၂၇ဘဏ္ဍာနှစ်၊တည်ဆဲအခွန်ဥပဒေများ နှင့်စပ်လျဉ်း၍  အခွန်ဆိုင်ရာရှင်းလင်းဆွေးနွေးခြင်း အခမ်းအ နား ကျင်းပခဲ့ကြောင်းသိရသည်။ ဦးစွာဗဟန်းမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ၊ဥက္ကဌဦးကံဝင်းကအဖွင့်အမှာစကားပြောကြားခဲ့ကြောင်းသိရသည်။ထို့နောက်ဗဟန်းမြို့နယ်အခွန်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူးဦးမျိုးသော်က၂၀၂၆-၂၀၂၇ဘဏ္ဍာနှစ် ၊တည်ဆဲအခွန်ဥပဒေများအရလိုက်နာရမည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ အခွန်ထမ်းပြည်သူများလိုက်နာရမည့် အကြောင်းအရာများကိုရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရသည်။တက်ရောက်လာသောအခွန်ထမ်းပြည်သူများကသိလိုသည်များမေးမြန်း၍တာဝန်ရှိသူများကပြန်လည်ဖြေကြားခဲ့ကြောင်းသိရသည်။

Read More

RIT -U70ဆင်နွှဲသီတင်းကျွတ်တေးဂီတဖျော်ဖြေပွဲ ကျင်းပ

ဗဟန်း       အောက်တိုဘာ   ၁၈     ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊  ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊လူထုအ ‌ ခြေပြုဗဟိုဌာန၌မြန်မာသံစဉ်တေးသီချင်းများကို ချစ်မြတ်နိုးသူများနှင့် တေးဂီတဝါသနာရှင်များ စိတ်ပါဝင်စားစွာ ပါဝင်ခံစားနိုင်ရန် ရည်ရွယ်၍ယနေ့မွန်းလွဲ၁နာရီက RITU-70မြန်မာသံစဉ်အဆိုတော်များ သီဆိုဖျော်ဖြေပွဲကို ကျင်းပခဲ့သည်။ အခမ်းအနားတွင်ဗဟန်းမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌဦးကံ၀င်းကအဖွင့်အမှာစကားပြောကြားပြီး ရန်ကုန်တိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်‌ အေးအေးခိုင်က ဖျော်ဖြေပွဲကျင်းပရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး …

Read More

ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ

ဗဟန်း    အောက်တိုဘာ   ၂၀     ရန်ကုန်တိုင်းဒေသကြီး၊ရန်ကုန်အနောက်ပိုင်းခရိုင်၊ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊လူထုအခြေပြုဗဟိုဌာန(ဗဟန်း)၊ Community Centre ခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်ကအဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသော ကလေး အလုပ်သမားပပျောက်ရေးအသိပညာပေးဟောပြောပွဲကျင်းပကြောင်းသိရသည်။ ဦးစွာ ဗဟန်းမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ၊ဥက္ကဌဦးကံဝင်းကအဖွင့်အမှာစကားပြောကြားခဲ့ကြောင်းသိရသည်။ထို့နောက်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင် က ကလေး အလုပ်သမားများအဓမ္မခိုင်းစေမှုပပျောက်ရေးခေါင်းစဉ်ဖြင့်လည်းကောင်း၊အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနမှဦးစီးမှူးဦးသန့်ဇော်လင်းကအလုပ်ရှင်အလုပ်သမားလိုက်နာရမည့်ဥပဒေနည်းဥပဒေများအကြောင်း၊လူမှုဝန်ထမ်းဦးစီးဌာန၊အနောက်ပိုင်းခရိုင်လူမှုဝန်ထမ်းရုံးမှ ခရိုင်ဦးစီးမှူး ဒေါ်သီသီထွန်းအား အဆိုးဝါးဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံနေရသည့် ကလေးအလုပ်သမားများနှင့်ပတ်သက်၍လည်းကောင်း၊မြို့နယ်ဥပဒေရုံးမှဒုမြို့နယ်ဥပဒေအရာရှိဒေါ်ကေခိုင်ဇင်ကအဆိုးဝါးဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံနေရသော ကလေးအလုပ်သမားများနှင့် သက်ဆိုင်သည့် ဥပဒေ/နည်းဥပဒေ/…

Read More

လူထုအခြေပြုဗဟိုဌာန ( ဗဟန်း )တွင်စာရေးဆရာဒေါက်တာတင်ထွန်းဦး၏ စာအုပ်ဖြင့်Book Club စာဖတ်ဝိုင်းပြုလုပ်

ဗဟန်း  အောက်တိုဘာ     ၁၆        ရန်ကုန်တိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန၊ဗဟန်းလူထုအခြေပြုဗဟိုဌာနတွင် ယနေ့  နံနက်၁၀နာရီ အချိန်က စာရေးဆရာ ဒေါက်တာတင်ထွန်းဦး ၏”ဇရာကို ရင်ဆိုင်ခြင်းအနုပညာ” စာအုပ်ဖြင့်Book Club  စာဖတ်ဝိုင်းပြုလုပ်ခဲ့ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေး ဦးစီးဌာန၊ခရိုင်လက်ထောက်ညွှန်ကြားရေးမှုး ဒေါ်အေးအေးခိုင် ၊ဗဟန်းBookClub အဖွဲ့ဝင်စာရေးဆရာမြင့်မြတ်အောင်မြင် နှင့်စာပေချစ်မြတ်နိုးသူများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။ ဦးစွာ ခရိုင်လက်ထောက်ညွှန်ကြားရေးမှုးဒေါ်​အေးအေး ခိုင်က စာဖတ်ဝိုင်း ပြုလုပ်ရခြင်းရည်ရွယ်ချက်များကိုဆွေး…

Read More