လူထုအခြေပြုဗဟိုဌာန ( ဗဟန်း )တွင်စာရေးဆရာဒေါက်တာတင်ထွန်းဦး၏ စာအုပ်ဖြင့်Book Club စာဖတ်ဝိုင်းပြုလုပ်

ဗဟန်း  အောက်တိုဘာ     ၁၆

       ရန်ကုန်တိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန၊ဗဟန်းလူထုအခြေပြုဗဟိုဌာနတွင် ယနေ့  နံနက်၁၀နာရီ အချိန်က စာရေးဆရာ ဒေါက်တာတင်ထွန်းဦး ၏”ဇရာကို ရင်ဆိုင်ခြင်းအနုပညာ” စာအုပ်ဖြင့်Book Club  စာဖတ်ဝိုင်းပြုလုပ်ခဲ့ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေး ဦးစီးဌာန၊ခရိုင်လက်ထောက်ညွှန်ကြားရေးမှုး ဒေါ်အေးအေးခိုင် ၊ဗဟန်းBookClub အဖွဲ့ဝင်စာရေးဆရာမြင့်မြတ်အောင်မြင် နှင့်စာပေချစ်မြတ်နိုးသူများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

ဦးစွာ ခရိုင်လက်ထောက်ညွှန်ကြားရေးမှုးဒေါ်​အေးအေး ခိုင်က စာဖတ်ဝိုင်း ပြုလုပ်ရခြင်းရည်ရွယ်ချက်များကိုဆွေး နွေးခဲ့ပြီး Book Club အဖွဲ့ဝင် သမိုင်းမြို့မဘုန်းတေဇ ၊စာရေးဆရာမညွှန့်ညွှန့် ( ကလော)၊ စာရေးဆရာ မြင့်မြတ် အောင်မြင်၊စာရေးဆရာ ဟန်မင်းဦး၊စာရေးဆရာမနန်းဟင်းပြင်း နှင့်တက်ရောက်လာကြသော Book Club အဖွဲ့ဝင်များက ဆရာကြီး၏စာအုပ်ထဲမှ သက်ကြီးရွယ်အို ဆိုသည့်အရွယ် ၊ဝါရင့်သမ္ဘာရင့်နိုင်ငံသားများ ၊ကျန်းမာခြင်း၏ အဓိပ္ပယ် ၊ ကျန်းမာခြင်းဆိုသည်မှာ၊ကျန်းမာစွာအသက်ကြီးရင့်  စသော ဆောင်းပါးများဖတ်ကြားခဲ့ကြပြီးအယူအဆများကို ရှုထောင့် အမျိုးမျိုးမှ ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

ထို့နောက် စာဖတ်ဝိုင်း၌ ဆွေးနွေးခဲ့ကြသည့် အချက်များ နှင့်ဆက်လျဉ်း၍ ခရိုင်လက်ထောက်ညွှန်ကြားရေးမှုး ဒေါ်အေး အေးခိုင်ကပြန်လည်သုံးသပ်ဆွေးနွေးခဲ့ကြောင်းသိရှိရသည်။ထိုစာဖတ်ဝိုင်းသို့ဗဟန်းBookClub အဖွဲ့ဝင်များနှင့် စာပေ ချစ်မြတ်နိုးသူများတက်ရောက်ခဲ့ကြကြောင်းသိရပါသည်။