လူထုအခြေပြုဗဟိုဌာန( ဗဟန်း)၌ သတင်းရိုက်ကူးတည်းဖြတ်နည်းသင်တန်း ( ၁/၂၀၂၆) ဖွင့်လှစ်

ဗဟန်း     အောက်တိုဘာ  ၂၁       ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ရန်ကုန် အနောက်ပိုင်းခရိုင်၊ လူထုအခြေပြုဗဟိုဌာန ( ဗဟန်း) တွင်  သတင်းရိုက်ကူးတည်းဖြတ်နည်းသင်တန်း ( ၁/၂၀၂၆)      ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန်၌ ကျင်းပခဲ့ကြောင်းသိရသည်။ ဦးစွာရန်ကုန်အနောက်ပိုင်းခရိုင် လက်ထောက်ညွှန် ကြားရေးမှူးဒေါ်အေးအေးခိုင်ကသင်တန်းဖွင့်အမှာစကားပြောကြားရာတွင် မိမိတို့ဌာနအနေဖြင့် သတင်းရေးသားခြင်းနှင့် video ရိုက်ကူးတည်းဖြတ်ရာတွင် မှန်ကန်မြန်ဆန်စွာ ရေးသားနိုင်စေရန်ရည်ရွယ်၍ဖွင့်လှစ်ရကြောင်းပြောကြားသည်။ထို့နောက်သတင်းသဘောတရားဘာသာရပ်ကိုသင်ကြားပို့ချခဲ့ကြောင်းသိရသည်။ အဆိုပါသင်တန်းတွင် ရန်ကုန်အနောက်ပိုင်းခရိုင်အတွင်းရှိ ဝန်ထမ်းများ…

Read More

လူထုအခြေပြုဗဟိုဌာန ( ဗဟန်း )တွင်စာရေးဆရာဒေါက်တာတင်ထွန်းဦး၏ စာအုပ်ဖြင့်Book Club စာဖတ်ဝိုင်းပြုလုပ်

ဗဟန်း  အောက်တိုဘာ     ၁၆        ရန်ကုန်တိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန၊ဗဟန်းလူထုအခြေပြုဗဟိုဌာနတွင် ယနေ့  နံနက်၁၀နာရီ အချိန်က စာရေးဆရာ ဒေါက်တာတင်ထွန်းဦး ၏”ဇရာကို ရင်ဆိုင်ခြင်းအနုပညာ” စာအုပ်ဖြင့်Book Club  စာဖတ်ဝိုင်းပြုလုပ်ခဲ့ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေး ဦးစီးဌာန၊ခရိုင်လက်ထောက်ညွှန်ကြားရေးမှုး ဒေါ်အေးအေးခိုင် ၊ဗဟန်းBookClub အဖွဲ့ဝင်စာရေးဆရာမြင့်မြတ်အောင်မြင် နှင့်စာပေချစ်မြတ်နိုးသူများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။ ဦးစွာ ခရိုင်လက်ထောက်ညွှန်ကြားရေးမှုးဒေါ်​အေးအေး ခိုင်က စာဖတ်ဝိုင်း ပြုလုပ်ရခြင်းရည်ရွယ်ချက်များကိုဆွေး…

Read More

လူထုအခြေပြုဗဟိုဌာန (ဗဟန်း)၌ ခေတ်ကြေးမုံ သုတ၊ရသစာပေပျိုးခင်း ရသစာစဥ် ( ၁၆) စာအုပ်မိတ်ဆက်ပွဲနှင့် ကဗျာရွတ်ဆိုပွဲကျင်းပ

ဗဟန်း                                    အောက်တိုဘာ      ၁၁               ခေတ်ကြေးမုံ သုတ၊ ရသစာပေပျိုးခင်း ရသစာစဥ် ( ၁၆) စာအုပ်မိတ်ဆက်ပွဲနှင့် ကဗျာရွတ်ဆိုပွဲကို အောက်တိုဘာ ၁၁ ရက် နံနက် ၉ နာရီက ရန်ကုန်အနောက်ပိုင်းခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ( ဗဟန်း) လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ရာစာပေညီအစ်ကိုမောင်နှများ၊စာပေမိတ်ဆွေများ၊အဆိုပါစာအုပ်တွင်ပါဝင်ရေးသားထားကြသူများ၊ ဖိတ်ကြား ထား သူများ တက်ရောက်ခဲ့ကြသည်။…

Read More

အမက ( ၂၅) ဗဟန်းတွင်နယ်လှည့်စာကြည့်တိုက်နှင့်ပြပွဲ ပြိုင်ပွဲများ ကျင်းပ

ဗဟန်း                       ဩဂုတ်      ၂၀             ရန်ကုန်တိုင်းဒေသကြီး၊အနောက်ပိုင်းခရိုင်၊ ဗဟန်းမြို့နယ်၊အမှတ် ( ၂၅)အခြေခံပညာမူလတန်း ကျောင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ယနေ့နံနက် ၁၀ နာရီတွင် နယ်လှည့် စာကြည့်တိုက်နှင့်ပြ​ပွဲ ပြိုင်ပွဲများ ကျင်းပကြောင်းသိရသည်။ ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ ရန်ကုန် အနောက်ပိုင်းခရိုင်ရုံးမှ ဒုတိယဦးစီးမှူး ဒေါ်သင်းသင်းစိုးက ကျောင်းသား ကျောင်းသူများအား ကျောင်းစာအပြင်…

Read More

လူထုအခြေပြုဗဟိုဌာန(ဗဟန်း)၌လူငယ်စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပ

ဗဟန်း             ဩဂုတ်       ၂၁         ရန်ကုန်အနောက်ပိုင်းခရိုင်(ဗဟန်း)မြို့နယ်၊ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Youth Clubအဖွဲ့ဝင်လူငယ်တို့ပူးပေါင်း၍ လူငယ်စာဖတ်ဝိုင်းဆွေးနွေးပွဲကို စာရေးဆရာအောင်သင်းရေး သားသည့် “‌လူငယ်ရဲ့ဘဝနှင့်တန်ဖိုး” စာအုပ်ဖြင့် ယနေ့ နေလည်ပိုင်း က လူထုအခြေပြုဗဟိုဌာန( ဗဟန်း)  တွင် ကျင်းပခဲ့သည်။ ‌ စာဖတ်ဝိုင်းတွင်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူးဒေါ်အေးအေးခိုင်က စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ် ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး စာအုပ်ပါအကြောင်းအရာဖြစ်သည့်…

Read More

လူထုအခြေပြုဗဟိုဌာန(ဗဟန်း)တွင် စာရေးဆရာမ မအေးပွင့်၏စတုတ္ထမြောက်စာအုပ်မိတ်ဆက်ပွဲအခမ်းအနားကျင်းပ

ဗဟန်း             ဇူလိုင်         ၃   စာရေးဆရာမ မအေးပွင့်၏စတုတ္ထမြောက်စာအုပ်မိတ်ဆက်ပွဲအခမ်းအနားကို  ယနေ့နံနက် ပိုင်းတွင်ရန်ကုန်အနောက်ပိုင်းခရိုင်၊ လူထုအခြေပြုဗဟိုဌာန(ဗဟန်း) Community Centreခန်းမ ၌ ကျင်းပခဲ့သည်။ ဦးစွာ ရန်ကုန်အနောက်ပိုင်းခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင်က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး မြန်မာနိုင်ငံစာရေးဆရာအသင်း ဥက္ကဌ စာရေးဆရာမြင်းမူမောင်နိုင်မိုးက အဖွင့်အမှာစကား ပြောကြားသည်။ဆက်လက်၍စာရေးဆရာ ဟိန်းလတ်၊သန်လျင်မောင်မောင်ဦး၊ရသစာစဉ်အဖွဲ့နာယကဆရာမကြီးလေးခင်(တော်ဝင်ပန်း) တို့ကအသီးသီမုဒိတာစကားများပြောကြားကြသည်။ ထို့နောက် စာရေးဆရာမ…

Read More

လူထုအခြေပြုဗဟိုဌာန(ဗဟန်း)တွင် စာရေးဆရာမောင်အောင်၏စာအုပ်မိတ်ဆက်ပွဲနှင့်စာအုပ်လှူဒါန်းပွဲကျင်းပ

ဗဟန်း          ဇူလိုင်       ၁၂       ရန်ကုန်တိုင်းဒေသကြီး၊ရန်ကုန်အနောက်ပိုင်းခရိုင်၊ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊လူထုအခြေပြုဗဟိုဌာန(ဗဟန်း)၊ Community Centre ခန်းမ၌ ယနေ့မွန်းလွဲ ၁နာရီအချိန်က       စာရေးဆရာ ဒေါက်တာမောင်အောင်၏စာအုပ်မိတ်ဆက်ပွဲနှင့်စာအုပ်လှူဒါန်းပွဲကျင်းပခဲ့ကြောင်းသိရသည်။ ရှေးဦးစွာပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူးဒေါ်အေးအေးခိုင် ကအဖွင့်အမှာစကား ပြောကြားပြီး စာရေးဆရာ  ဒေါက်တာ မောင်အောင်က” စီးပွားရေး စိန်ခေါ်မှုများနှင့်ဖြေရှင်းနိုင်တဲ့နည်းလမ်းများ” စာအုပ်ကိုရေးသား ထုတ်ဝေရသည့် အကြောင်း နှင့်ပက်သက်၍ ရှင်းလင်း ပြောကြား ခဲ့သည်။ထို့နောက်…

Read More

ဗိုလ်မှူးချုပ်လှမြင့်(အငြိမ်းစား) ဝေးဝေး-စစ်တက္ကသိုလ်ရေးသားသည့် ဝတ္ထုတိုစာအုပ်များ ပေးအပ်လှူဒါန်းပွဲကျင်းပ

ဗဟန်း         ဇွန်      ၂၉ ဗိုလ်မှူးချုပ်လှမြင့် (အငြိမ်းစား) ဝေးဝေး-စစ်တက္ကသိုလ် ရေးသားသည့် ဝတ္ထုတိုစာအုပ် များ ပေးအပ်လှူဒါန်းပွဲကို ယမန် နေ့ မွန်းလွဲ(၂) နာရီအချိန်က ရန်ကုန်အနောက်ပိုင်းခရိုင် ၊ လူထု အခြေပြုဗဟိုဌာန(ဗဟန်း)အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။ ထို့နောက် ဗိုလ်မှူးချုပ်လှမြင့်(အငြိမ်းစား)ကိုယ်စား လက်ထောက် ဌာနမှူး ဦးသိုက်စိုး က “ဘယ်ဆုတောင်းမလဲခင်” နှင့်ကျွန်တော်ရေးခဲ့ဖူးသော ဝတ္ထုတိုလေးများစာအုပ်များကို လှူဒါန်းခဲ့ရာ…

Read More