လူထုအခြေပြုဗဟိုဌာန(ဗဟန်း)တွင် စာရေးဆရာမောင်အောင်၏စာအုပ်မိတ်ဆက်ပွဲနှင့်စာအုပ်လှူဒါန်းပွဲကျင်းပ

ဗဟန်း          ဇူလိုင်       ၁၂

      ရန်ကုန်တိုင်းဒေသကြီး၊ရန်ကုန်အနောက်ပိုင်းခရိုင်၊ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊လူထုအခြေပြုဗဟိုဌာန(ဗဟန်း)၊ Community Centre ခန်းမ၌ ယနေ့မွန်းလွဲ ၁နာရီအချိန်က       စာရေးဆရာ ဒေါက်တာမောင်အောင်၏စာအုပ်မိတ်ဆက်ပွဲနှင့်စာအုပ်လှူဒါန်းပွဲကျင်းပခဲ့ကြောင်းသိရသည်။

ရှေးဦးစွာပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူးဒေါ်အေးအေးခိုင် ကအဖွင့်အမှာစကား ပြောကြားပြီး စာရေးဆရာ  ဒေါက်တာ မောင်အောင်က” စီးပွားရေး စိန်ခေါ်မှုများနှင့်ဖြေရှင်းနိုင်တဲ့နည်းလမ်းများ” စာအုပ်ကိုရေးသား ထုတ်ဝေရသည့် အကြောင်း နှင့်ပက်သက်၍ ရှင်းလင်း ပြောကြား ခဲ့သည်။ထို့နောက် စာရေးဆရာ ဒေါက်တာမောင်အောင်က စီးပွားရေး စိန်ခေါ်မှုများနှင့် ဖြေရှင်းနိုင်တဲ့ နည်းလမ်းများ” စာအုပ်ကို ရန်ကုန်တိုင်းအတွင်းရှိ ခရိုင်၊မြို့နယ် ပြည်သူ့စာကြည့်တိုက်များအတွက် တစ်ရုံးလျှင် တစ်အုပ်နှုန်းဖြင့် စာအုပ်(၄၆) အုပ်လှူဒါန်းခဲ့ရာ ရန်ကုန်အနောက်ပိုင်းခရိုင်၊လက်ထောက်ညွှန်ကြားရေးမှူးဒေါ်အေးအေးခိုင် ကလက်ခံရယူခဲ့ ကြောင်းသိရသည်။ထို့နောက် စာရေးဆရာမ ညွှန့်ညွှန့်(ကလော)က မုဒိတာစကားပြန်လည်ပြောကြားပြီး အခမ်းအနားကိုရုပ်သိမ်းခဲ့ကြောင်းသိရသည်။

စာအုပ်မိတ်ဆက်ပွဲသို့တက်ရောက်လာကြသူများက ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှခင်းကျင်းပြသထားသော ဗဟုသုတ ရစေသောသုတ/ရသစာစောင်များနှင့် အသိပညာပေးနံရံကပ်စာစောင်များ ကို ကြည့်ရှု့ခဲ့ကြကြောင်းသိရသည်။