လူထုအခြေပြုဗဟိုဌာန (ဗဟန်း)Community Centerခန်းမ၌ ကမာရွတ်ခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီမှရှေးဦးပြုစုခြင်း (သာမာန်) သင်တန်း အမှတ်စဉ် (၁/၂၀၂၆) ဖွင့်လှစ်

ဗဟန်း     ဩဂုတ်        ၁၆         ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်( ဗဟန်း) လူထုအ‌ခြေပြု ဗဟိုဌာန၌ ကမာရွတ်ခရိုင်ကြက်ခြေနီ ကြီးကြပ်မှုကော်မတီမှ ရှေးဦး ပြုစုခြင်း(သာမာန်)သင်တန်းဖွင့်ကို ယနေ့နံနက် ၉နာရီ ကကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရပါသည်။ သင်တန်းဖွင့်ပွဲတွင်ကမာရွတ်ခရိုင်ကြက်ခြေနီကြီးကြပ်မှု ကော်မတီဥက္ကဌ ဦးအောင်ကြည် က သင်တန်းအဖွင့်အမှာစကား ပြောကြားပြီး ဗဟန်းမြို့နယ်ကြက်ခြေနီအသင်းတပ်ခွဲမှူး ဦးအောင်ကိုဦး ကသင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ကိုပြောကြားခဲ့ကြောင်းသိရပါသည်။ဤသင်တန်းတွင်ရှေးဦးပြုစုခြင်းဘာသာရပ်များကို စာတွေ့​၊လက်တွေ့ သင်ကြားပေးမှာဖြစ်ပြီးအချိန်၅ရက်ကြာသင်ကြားပေးမည်ဖြစ်ကြောင်းသိရပါသည်။ အဆိုပါသင်တန်းတွင်…

Read More

လူထုအခြေပြုဗဟိုဌာန (ဗဟန်း) ၌ သင်တန်းများ ဆက်လက်သင်ကြားလျက်ရှိ

ဗဟန်း    ဩဂုတ်      ၁၆                 ရန်ကုန်တိုင်းဒေသကြီး၊အနောက်ပိုင်းခရိုင်၊ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊လူထုအခြေပြုဗဟိုဌာန(ဗဟန်း)၌ရသစာပေ ဖန်တီးရေးဖွဲ့မှုသင်တန်းနှင့်လုပ်ငန်းခွင်အင်္ဂလိပ်စာ အရည်အချင်း မြှင့်တင်ခြင်းသင်တန်းများကိုဆက်လက်သင်ကြားလျက်ရှိကြောင်း သိရသည်။ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ဌာနအတွင်းရှိဝန်ထမ်းများမရှိမဖြစ်လိုအပ်သောအင်္ဂလိပ်စာအရည်အချင်းကို မြှင့်တင်ပေးရန်၊ နိုင်ငံတကာနှင့် ဆက်သွယ်ဆောင်ရွက်ရာတွင် ယုံကြည်မှုရှိရှိဆောင်ရွက်နိုင်သည့် စွမ်းရည်မြှင့်ဝန်ထမ်းများဖြစ်လာစေရန် ရည်ရွယ်၍လည်းကောင်းဖွင့်လှစ်ထားသည့်လုပ်ငန်းခွင်အင်္ဂလိပ်စာ  အရည်အချင်းမြှင့်တင်ခြင်းသင်တန်းနှင့် ဆောင်းပါးများရေးသားရာတွင် စနစ်တကျရေးသားတတ်စေရန်ဖွင့်လှစ်ထားသည့် ရသစာပေဖန်တီး ရေးဖွဲ့နည်းသင်တန်းများကိုအပတ်စဉ် စနေနေ့တိုင်းသင်ကြား ပို့ချ လျက်ရှိကြောင်းသိရသည်။ အဆိုပါသင်တန်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၏ဌာနခွဲများမှဝန်ထမ်းများနှင့် ရန်ကုန်တိုင်းဒေသကြီး၊ပြန်ကြားရေးနှင့်…

Read More

ကမာရွတ်ခရိုင်ဗဟန်းမြို့နယ်၌ ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကျင်းပ

 ဗဟန်း         သြဂုတ်     ၁၁         ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကိုယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ဗဟန်းမြိုနယ်ရှိအမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းခန်းမ၌စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။အဆိုပါပွဲတော်တွင်ကာယစွမ်းရည်ပြိုင်ပွဲများဖြစ်သည့်ခါးလှည့်ကွင်း၊စကားပုံဆက်၊မြှားပစ်၊စက္ကူခေါက် ခွက်ရွှေ့၊ဘောလုံးဖိ၊ဘောလုံးပစ်၊မြှားလှည့်ပြိုင်ပွဲများတွင်ကျောင်းသားကျောင်းသူများအေးချမ်းပျော်ရွှင်စွာပါဝင်ဆင်နွှဲကြသည်။ ဦးစွာ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေး ပွဲတော်မုခ်ဦးအား ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအောင်နိုင်သူ၊ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ပြန်ကြားရေး၊ကယ်ဆယ်ရေးနှင့်သာသနာရေးဝန်ကြီးဦးနေလင်းထွန်း၊ရန်ကုန်တိုင်းဒေသကြီးအ​​ခြေခံပညာဦးစီးဌာန၊တိုင်းဦးစီးမှူး၊ဒုတိယညွှန်ရေးမှူးချုပ်ဦးမျိုးဝင်းအောင်၊ရန်ကုန်တိုင်းဒေသကြီး၊ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ညွှန်ကြားရေးမှူးဒေါ်ခင်စောလင်း၊ဗဟန်းမြို့နယ်ွအမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၊ကျောင်းအကျိုးတော်ဆောင်ဒေါ်ချိုချိုလတ်တို့ကဖဲကြိုးဖြတ်ဖွင့်လှစ်ပြီးဉာဏစွမ်းရည်ပြိုင်ပွဲများ၊၊စာအုပ်အရောင်းဆိုင်များနှင့်ဌာနဆိုင်ရာပြခန်းများကိုလှည့်လည်ကြည့်ရှုအားပေးခဲ့သည်။ဆက်လက်၍အခမ်းအနားပထမပိုင်းကိုကျင်းပရာဗဟန်းမြို့နယ်၊အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ကျောင်းသူလေးများက“ပညာဘဏ်တိုက်စာကြည့်တိုက်”သီချင်းဖြင့် သီဆိုဖွင့်လှစ်၍ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးအောင်နိုင်သူကအဖွင့်အမှာစကားပြောကြားပြီးစာပေဟောပြောမည့်စာရေးဆရာလင်းသိုက်ညွှန့်(မြန်မာမြေ)အားဂုဏ်ပြုလက်ဆောင်နှင့်ဖျော်ဖြေရေးအဖွဲ့များအားဂုဏ်ပြုငွေများပေးအပ်သည်။ယင်းနောက်ဗဟန်းမြို့နယ်၊အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ၊ကျောင်းသူလေးများက”အပျိုတော်ယိမ်း”သီချင်းဖြင့်သီဆိုဖျော်ဖြေခြင်း၊ဗဟန်းမြို့နယ်၊အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ကျောင်းသူလေးများက”​သွေးချင်းတို့ရဲ့​မြေ”သီးချင်းဖြင့်ကပြ​ဖျော်​ဖြေပြီးးပထမပိုင်း အခမ်းအနားအစီအစဉ် ပြီးမြောက်ခဲ့သည်ဆက်လက်၍အခမ်းအနားဒုတိယပိုင်းကိုကျင်းပရာဗဟန်းမြို့နယ်၊အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှကျောင်းသား၊ကျောင်းသူလေးများက“နပန်းဆံ”သီချင်းဖြင့်သီဆိုဖျော်ဖြေခြင်း၊ဗဟန်းမြို့နယ်၊အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ကျောင်းသူလေးများက“နောင်အင်းလေး”ဖြင့်ကပြဖျော်ဖြေခြင်း၊စာရေးဆရာလင်းသိုက်ညွန့်(မြန်မာမြေ)ကစာပေဟောပြောခြင်း၊ဗဟန်းမြို့နယ်၊ အမှတ်(၂၂)…

Read More

ကမာရွတ်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ခေတ္တဥက္ကဋ္ဌ ၊ဗဟန်း မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ခေတ္တဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများဖြင့် ပုံမှန်လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

ဗဟန်း      ဩဂုတ်      ၇            ကမာရွတ်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ခေတ္တဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ခေတ္တဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများဖြင့် ကျင်းပပြုလုပ်သော ပုံမှန်လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကို ဗဟန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊အစည်းအဝေးခန်းခ၌ ယနေ့မွန်းလွဲ ၁နာရီကျင်းပခဲ့ကြောင်းသိရသည်။ ဦးစွာ ကမာရွတ်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ခေတ္တ ဥက္ကဋ္ဌ ဦးဝေဖြိုးမောင်က အဖွင့်အမှာစကားပြောကြားပြီး ကမာရွတ်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အတွင်းရေးမှူး ရဲမှူးကြီး ကျော်ဦး ၊ကမာရွတ်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ…

Read More

လူထုအခြေ ပြုဗဟိုဌာန (ဗဟန်း) တွင်Football For Shool Program စာပေစကားဝိုင်းဆွေးနွေးပွဲကျင်းပ

ဗဟန်း         ဇူလိုင် ၃၁                   ရန်ကုန်အနောက်ပိုင်းခရိုင်၊    လူထုအခြေပြုဗဟိုဌာန(ဗဟန်း) တွင် အားကစားရေးရာဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် ပြန်ကြားရေးဝန်ကြီးဌာနတို့ ပူးပေါင်းကျင်းပသည့် Football For Shool Program စာပေစကားဝိုင်းဆွေးနွေးပွဲကို ယနေ့ မွန်းလွဲ (၁)နာရီ အချိန်က ရန်ကုန်အနောက်ပိုင်းခရိုင်လူထုအခြေပြုဗဟိုဌာန၌ကျင်းပခဲ့ကြောင်းသိရသည်။ အဆိုပါ အခမ်းအနားတွင် ရန်ကုန်အနောက်ပိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနလက်ထောက်ညွှန်ကြားရေးမှူးဒေါ်အေးအေးခိုင်ကဦး​     ဆောင်ဆွေးနွေးသူအဖြစ်ဆောင်ရွက်ပြီး လှိုင်သာယာ(အနောက်) မြို့နယ်အားကစားနှင့်ကာယာပညာဦးစီးဌာနမှ နည်းစနစ်မှူး ဦးကျော်သူဟိန်းက       …

Read More

ပြည်ထောင်စုဝန်ကြီးဦးထိန်လင်းဖလင်ပိဋကတ်တိုက်နှင့်လူထုအခြေပြုဗဟိုဌာန(ဗဟန်း)တို့ကို ကြည့်ရှုစစ်ဆေး

ဗဟန်း            ဇူလိုင်          ၂၁ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထိန်လင်းသည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအောက်ရှိဖလင်ပိဋကတ်တိုက်နှင့်လူထုအခြေပြုဗဟိုဌာန(ဗဟန်း)တို့သို့ သွားရောက်ကြည့်ရှုစစ်ဆေး သည်။ ဦးစွာ ရန်ကုန်မြို့ ဗဟန်းမြို့နယ် မဟာစည်သာသနာ့ရိပ်သာလမ်းရှိ ဖလင်ပိဋကတ်တိုက်သို့ ရောက်ရှိရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးက မြန်မာ့ရုပ်ရှင်ဇာတ်ကားများနှင့် သတင်းကားများအား…

Read More

ဗဟန်းမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု ဟောပြောပွဲ၊ ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပပြုလုပ်

ဗဟန်း     ဇူလိုင်   ၂၁          ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊  ဗဟန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာ ဦးစီး ဌာနတို့ ပူးပေါင်း၍  စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေး ဟောပြောပွဲ၊ ပြိုင်ပွဲများ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲ တို့ကို ယမန်နေ့က အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ၊မိုးဦးပန်းခန်းမ၌ ကျင်းပပြုလုပ် ခဲ့သည်။ အခမ်းအနားတွင် အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်ဒေါ်ခိုင်ဆုရည်ဇော်…

Read More

လူထုအခြေပြုဗဟိုဌာန(ဗဟန်း)တွင် (၇၉)နှစ် မြောက်အာဇာနည် နေ့အကြို ဟောပြောပွဲ နှင့်ပြပွဲ၊ပြိုင်ပွဲများကျင်းပ

ဗဟန်း        ဇူလိုင်          ၁၆          ရန်ကုန်တိုင်းဒေသကြီး၊ရန်ကုန်အနောက်ပိုင်းခရိုင်၊ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊လူထုအခြေပြုဗဟိုဌာန(ဗဟန်း)၊ Community Centre ခန်းမ၌ ယနေ့ မွန်းလွဲ ၁နာရီအချိန် ( ၇၉)နှစ် မြောက် အာဇာနည်  နေ့အကြို ဟောပြောပွဲ နှင့်ပြပွဲ၊ပြိုင်ပွဲများကျင်းပ ခဲ့ကြောင်း သိရသည် ရှေးဦးစွာပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူးဒေါ်အေးအေးခိုင် ကအဖွင့်အမှာစကားပြောကြားပြီး စာရေးဆရာမ ညွှန့်ညွှန့်( ကလော)က  အာဇာနည်၏ အဓိပ္ပါယ်…

Read More

လူထုအခြေပြုဗဟိုဌာန(ဗဟန်း)တွင်စာရေးဆရာ နန္ဒာသိန်းဇံ ၏ “ခရောင်းလမ်းကိုဖြတ်ကျော်ခြင်း”စာအုပ်ဖြင့်Youth Club စာဖတ်ဝိုင်းပြုလုပ်

ဗဟန်း        ဇူလိုင်     ၁၅       ရန်ကုန်တိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဗဟန်းလူထုအခြေပြုဗဟိုဌာနတွင် ယနေ့မွန်းလွဲ၁ နာရီအချိန်က   စာရေးဆရာနန္ဒာသိန်းဇံ ၏ “ခရောင်းလမ်းကို ဖြတ်ကျော်ခြင်း” စာအုပ်ဖြင့်Youth  Club စာဖတ်ဝိုင်းပြုလုပ်ခဲ့ရာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ‌ရေး ဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင်၊ဗဟန်းYouth Clubအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။ ဦးစွာရန်ကုန်အနောက်ပိုင်းခရိုင်၊  လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင်ကစာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်းအကြောင်းပြောကြားပြီး စာရေးဆရာ၏ကိုယ်ရေးအကျဉ်းကို ဖတ်ကြားခဲ့ကြောင်း သိရ…

Read More