လူထုအခြေပြုဗဟိုဌာန(ဗဟန်း)တွင်စာရေးဆရာ ကျော်ကျော်လှိုင်၏ စဉ်းစားမိသောအတွေးများစာအုပ်ဖြင့်Book Club စာဖတ်ဝိုင်းပြုလုပ်
ဗဟန်း ဇူလိုင် ၁၅ ရန်ကုန်တိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဗဟန်းလူထုအခြေပြုဗဟိုဌာနတွင် ယနေ့နံနက်၁၀ နာရီအချိန်က စာရေးဆရာ ကျော်ကျော်လှိုင်၏ စဉ်းစားမိသောအတွေးများ စာအုပ်ဖြင့်Book Club စာဖတ်ဝိုင်းပြုလုပ်ခဲ့ရာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်သင်းသင်းစိုးနှင့်ဗဟန်း Book Club အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။ ဦးစွာရန်ကုန်အနောက်ပိုင်းခရိုင်၊ ဒုတိယဦးစီးမှူး ဒေါ်သင်းသင်းစိုး က စာဖတ်ဝိုင်းကျင်းပရခြင်းအကြောင်းပြောကြားခဲ့ကြောင်းသိရသည်။ထို့နောက် …