လူထုအခြေပြုဗဟိုဌာန( ဗဟန်း)၌ သတင်းရိုက်ကူးတည်းဖြတ်နည်းသင်တန်း ( ၁/၂၀၂၆) ဖွင့်လှစ်

ဗဟန်း     အောက်တိုဘာ  ၂၁       ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ရန်ကုန် အနောက်ပိုင်းခရိုင်၊ လူထုအခြေပြုဗဟိုဌာန ( ဗဟန်း) တွင်  သတင်းရိုက်ကူးတည်းဖြတ်နည်းသင်တန်း ( ၁/၂၀၂၆)      ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန်၌ ကျင်းပခဲ့ကြောင်းသိရသည်။ ဦးစွာရန်ကုန်အနောက်ပိုင်းခရိုင် လက်ထောက်ညွှန် ကြားရေးမှူးဒေါ်အေးအေးခိုင်ကသင်တန်းဖွင့်အမှာစကားပြောကြားရာတွင် မိမိတို့ဌာနအနေဖြင့် သတင်းရေးသားခြင်းနှင့် video ရိုက်ကူးတည်းဖြတ်ရာတွင် မှန်ကန်မြန်ဆန်စွာ ရေးသားနိုင်စေရန်ရည်ရွယ်၍ဖွင့်လှစ်ရကြောင်းပြောကြားသည်။ထို့နောက်သတင်းသဘောတရားဘာသာရပ်ကိုသင်ကြားပို့ချခဲ့ကြောင်းသိရသည်။ အဆိုပါသင်တန်းတွင် ရန်ကုန်အနောက်ပိုင်းခရိုင်အတွင်းရှိ ဝန်ထမ်းများ…

Read More

လူထုအခြေပြုဗဟိုဌာန ( ဗဟန်း)၌ အခွန်ဆိုင်ရာရှင်းလင်းဆွေးနွေးခြင်းအခမ်းအနားကျင်းပ

ဗဟန်း   အောက်တိုဘာ  ၂၃    ရန်ကုန်တိုင်းဒေသကြီး၊ရန်ကုန်အနောက်ပိုင်းခရိုင်၊ပြန် ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊လူထုအခြေပြုဗဟိုဌာန(ဗဟန်း)၊ Community Centre ခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်က၂၀၂၆-၂၀၂၇ဘဏ္ဍာနှစ်၊တည်ဆဲအခွန်ဥပဒေများ နှင့်စပ်လျဉ်း၍  အခွန်ဆိုင်ရာရှင်းလင်းဆွေးနွေးခြင်း အခမ်းအ နား ကျင်းပခဲ့ကြောင်းသိရသည်။ ဦးစွာဗဟန်းမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ၊ဥက္ကဌဦးကံဝင်းကအဖွင့်အမှာစကားပြောကြားခဲ့ကြောင်းသိရသည်။ထို့နောက်ဗဟန်းမြို့နယ်အခွန်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူးဦးမျိုးသော်က၂၀၂၆-၂၀၂၇ဘဏ္ဍာနှစ် ၊တည်ဆဲအခွန်ဥပဒေများအရလိုက်နာရမည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ အခွန်ထမ်းပြည်သူများလိုက်နာရမည့် အကြောင်းအရာများကိုရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရသည်။တက်ရောက်လာသောအခွန်ထမ်းပြည်သူများကသိလိုသည်များမေးမြန်း၍တာဝန်ရှိသူများကပြန်လည်ဖြေကြားခဲ့ကြောင်းသိရသည်။

Read More

ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ

ဗဟန်း    အောက်တိုဘာ   ၂၀     ရန်ကုန်တိုင်းဒေသကြီး၊ရန်ကုန်အနောက်ပိုင်းခရိုင်၊ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊လူထုအခြေပြုဗဟိုဌာန(ဗဟန်း)၊ Community Centre ခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်ကအဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသော ကလေး အလုပ်သမားပပျောက်ရေးအသိပညာပေးဟောပြောပွဲကျင်းပကြောင်းသိရသည်။ ဦးစွာ ဗဟန်းမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ၊ဥက္ကဌဦးကံဝင်းကအဖွင့်အမှာစကားပြောကြားခဲ့ကြောင်းသိရသည်။ထို့နောက်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင် က ကလေး အလုပ်သမားများအဓမ္မခိုင်းစေမှုပပျောက်ရေးခေါင်းစဉ်ဖြင့်လည်းကောင်း၊အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနမှဦးစီးမှူးဦးသန့်ဇော်လင်းကအလုပ်ရှင်အလုပ်သမားလိုက်နာရမည့်ဥပဒေနည်းဥပဒေများအကြောင်း၊လူမှုဝန်ထမ်းဦးစီးဌာန၊အနောက်ပိုင်းခရိုင်လူမှုဝန်ထမ်းရုံးမှ ခရိုင်ဦးစီးမှူး ဒေါ်သီသီထွန်းအား အဆိုးဝါးဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံနေရသည့် ကလေးအလုပ်သမားများနှင့်ပတ်သက်၍လည်းကောင်း၊မြို့နယ်ဥပဒေရုံးမှဒုမြို့နယ်ဥပဒေအရာရှိဒေါ်ကေခိုင်ဇင်ကအဆိုးဝါးဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံနေရသော ကလေးအလုပ်သမားများနှင့် သက်ဆိုင်သည့် ဥပဒေ/နည်းဥပဒေ/…

Read More

လူထုအခြေပြုဗဟိုဌာန ( ဗဟန်း )တွင်စာရေးဆရာဒေါက်တာတင်ထွန်းဦး၏ စာအုပ်ဖြင့်Book Club စာဖတ်ဝိုင်းပြုလုပ်

ဗဟန်း  အောက်တိုဘာ     ၁၆        ရန်ကုန်တိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန၊ဗဟန်းလူထုအခြေပြုဗဟိုဌာနတွင် ယနေ့  နံနက်၁၀နာရီ အချိန်က စာရေးဆရာ ဒေါက်တာတင်ထွန်းဦး ၏”ဇရာကို ရင်ဆိုင်ခြင်းအနုပညာ” စာအုပ်ဖြင့်Book Club  စာဖတ်ဝိုင်းပြုလုပ်ခဲ့ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေး ဦးစီးဌာန၊ခရိုင်လက်ထောက်ညွှန်ကြားရေးမှုး ဒေါ်အေးအေးခိုင် ၊ဗဟန်းBookClub အဖွဲ့ဝင်စာရေးဆရာမြင့်မြတ်အောင်မြင် နှင့်စာပေချစ်မြတ်နိုးသူများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။ ဦးစွာ ခရိုင်လက်ထောက်ညွှန်ကြားရေးမှုးဒေါ်​အေးအေး ခိုင်က စာဖတ်ဝိုင်း ပြုလုပ်ရခြင်းရည်ရွယ်ချက်များကိုဆွေး…

Read More

လူထုအခြေပြုဗဟိုဌာန(ဗဟန်း)တွင် အသိပညာပေး ဟောပြောပွဲ နှင့်ပြပွဲ၊ပြိုင်ပွဲများကျင်းပ

ဗဟန်း                အောက်တိုဘာ     ၉             ရန်ကုန်တိုင်းဒေသကြီး၊ရန်ကုန်အနောက်ပိုင်းခရိုင် ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၊လူထုအခြေပြုဗဟိုဌာန(ဗဟန်း)၊ Community Centre ခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်က   အသိပညာပေးဟောပြောပွဲ နှင့်ပြပွဲ ၊ပြိုင်ပွဲ များ ကျင်းပခဲ့ကြောင်းသိရသည်။ ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင် ကအဖွင့်အမှာ စကားပြောကြားပြီးစာရေးဆရာမ ပေါက်ပေါက်က” လူငယ်နှင့်မူးယစ်…

Read More

ဗဟန်းမြို့နယ်၊အမှတ် (၁၂)အခြေခံပညာမူလတန်းကျောင်းတွင် နယ်လှည့်စာကြည့်တိုက်နှင့်ပြပွဲ ပြိုင်ပွဲများ ကျင်းပ

ဗဟန်း                        အောက်တိုဘာ      ၈             ရန်ကုန်တိုင်းဒေသကြီး၊အနောက်ပိုင်းခရိုင်၊ဗဟန်းမြို့နယ်၊ အမှတ်(၁၂)အခြေခံပညာမူလတန်း ကျောင်းတွင် ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယနေ့နံနက် ၁၀ နာရီတွင် နယ်လှည့်စာကြည့်တိုက်နှင့်ပြ​ပွဲပြိုင်ပွဲများ ကျင်းပကြောင်း သိရသည်။ ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ရန်ကုန် အနောက်ပိုင်းခရိုင်ရုံးမှ ဒုတိယဦးစီးမှူး ဒေါ်သင်းသင်းစိုးက ကျောင်းသားကျောင်းသူများအား ကျောင်းစာအပြင် ဗဟုသုတ ရရှိစေနိုင်သောစာများဖတ်ရှု့ကြရန် ဟောပြောပြီး အမှတ် (…

Read More

လူထုအခြေပြုဗဟိုဌာန (ဗဟန်း) ၌ မီဒီယာနှင့်သတင်းအချက်သိနားလည်မှုသင်တန်း( MIL) ဖွင့်လှစ်

ဗဟန်း                                 အောက်တိုဘာ     ၃            ရန်ကုန်တိုင်းဒေသကြီး၊အနောက်ပိုင်းခရိုင်၊ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊လူထုအခြေပြုဗဟိုဌာန(ဗဟန်း)၌    မီဒီယာနှင့်သတင်းအချက်သိနားလည်မှုသင်တန်း(MIL)ဖွင့်ပွဲကို ယနေ့နံနက် ၁၀နာရီတွင် ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊သုတေ သနနှင့်သတင်းအချက်အလက်ဌာနခွဲ (ရန်ကုန်) မှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြတ်ကြေးမှုံကသင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်ကိုပြောကြားခဲ့ကြောင်းသိရသည်။ မီဒီယာနှင့်သတင်းအချက်သိနားလည်မှုသင်တန်း( MIL)ကိုပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအတွင်းရှိဝန်ထမ်းများ အနေဖြင့် မီဒီယာ၊သတင်းအချက်အလက်နှင့်ပက်သက်၍ သိရှိ နားလည်ပြီးမိမိမြို့နယ်အတွင်းရှိပြည်သူများကို ပြန်လည်လက်ဆင့်ကမ်း မျှဝေပေးနိုင်ရန်ရည်ရွယ်၍ ၃.၁၀.၂၀၂၆ ရက်နေ့မှ ၂၄.၁၀.၂၀၂၆…

Read More

လူထုအခြေပြုဗဟိုဌာန (ဗဟန်း)၌ ခေတ်ကြေးမုံ သုတ၊ရသစာပေပျိုးခင်း ရသစာစဥ် ( ၁၆) စာအုပ်မိတ်ဆက်ပွဲနှင့် ကဗျာရွတ်ဆိုပွဲကျင်းပ

ဗဟန်း                                    အောက်တိုဘာ      ၁၁               ခေတ်ကြေးမုံ သုတ၊ ရသစာပေပျိုးခင်း ရသစာစဥ် ( ၁၆) စာအုပ်မိတ်ဆက်ပွဲနှင့် ကဗျာရွတ်ဆိုပွဲကို အောက်တိုဘာ ၁၁ ရက် နံနက် ၉ နာရီက ရန်ကုန်အနောက်ပိုင်းခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ( ဗဟန်း) လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ရာစာပေညီအစ်ကိုမောင်နှများ၊စာပေမိတ်ဆွေများ၊အဆိုပါစာအုပ်တွင်ပါဝင်ရေးသားထားကြသူများ၊ ဖိတ်ကြား ထား သူများ တက်ရောက်ခဲ့ကြသည်။…

Read More