ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ

ဗဟန်း    အောက်တိုဘာ   ၂၀

    ရန်ကုန်တိုင်းဒေသကြီး၊ရန်ကုန်အနောက်ပိုင်းခရိုင်၊ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊လူထုအခြေပြုဗဟိုဌာန(ဗဟန်း)၊ Community Centre ခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်ကအဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသော ကလေး အလုပ်သမားပပျောက်ရေးအသိပညာပေးဟောပြောပွဲကျင်းပကြောင်းသိရသည်။

ဦးစွာ ဗဟန်းမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ၊ဥက္ကဌဦးကံဝင်းကအဖွင့်အမှာစကားပြောကြားခဲ့ကြောင်းသိရသည်။ထို့နောက်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင် က ကလေး အလုပ်သမားများအဓမ္မခိုင်းစေမှုပပျောက်ရေးခေါင်းစဉ်ဖြင့်လည်းကောင်း၊အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနမှဦးစီးမှူးဦးသန့်ဇော်လင်းကအလုပ်ရှင်အလုပ်သမားလိုက်နာရမည့်ဥပဒေနည်းဥပဒေများအကြောင်း၊လူမှုဝန်ထမ်းဦးစီးဌာန၊အနောက်ပိုင်းခရိုင်လူမှုဝန်ထမ်းရုံးမှ ခရိုင်ဦးစီးမှူး ဒေါ်သီသီထွန်းအား အဆိုးဝါးဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံနေရသည့် ကလေးအလုပ်သမားများနှင့်ပတ်သက်၍လည်းကောင်း၊မြို့နယ်ဥပဒေရုံးမှဒုမြို့နယ်ဥပဒေအရာရှိဒေါ်ကေခိုင်ဇင်ကအဆိုးဝါးဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံနေရသော ကလေးအလုပ်သမားများနှင့် သက်ဆိုင်သည့် ဥပဒေ/နည်းဥပဒေ/ ပြစ်မှု/ပြစ်ဒဏ်များအား ရှင်းလင်းပြောကြားခဲ့ကြောင်းသိရသည်။ဆက်လက်ပြီး ကလေး သူငယ်ကာကွယ်စောင့်ရှောက်ရေးတပ်ဖွဲ့စုမှဒုရဲမှူး အေးလွင်အောင်အား ကလေးအလုပ်သမားများနှင့်ပတ်သက်၍ လည်းကောင်း၊မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံး မှလက်ထောက်အုပ်ချုပ်ရေးမှူး ဖြိုးမြင့်ဇော်က ဒုတိယစက်ရုံ၊ အလုပ်ရုံ၊ ဈေးဆိုင်များအတွက် ပြဌာန်းထားသည့် ဥပဒေ/ နည်းဥပဒေလုပ်ထုံးလုပ်နည်းများ/ပြစ်မှုပြစ်ဒဏ်များအကြောင်းဟောပြောဆွေးနွေးခဲ့ကြောင်းသိရသည်။အနောက်ပိုင်းခရိုင်လူမှုဝန်ထမ်းရုံးမှဟောပြောပေးသည့်တာဝန်ရှိသူများအားအမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ပြီးအခမ်းအနားကိုရုပ်သိမ်းခဲ့ကြောင်းသိရသည်။

အဆိုပါအခမ်းအနားသို့ဗဟန်းမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဌနှင့်အဖွဲ့ဝင်များ၊မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်ရပ်ကွက်နေပြည်သူများတက်ရောက်ခဲ့ကြောင်းသိရသည်။