RIT -U70ဆင်နွှဲသီတင်းကျွတ်တေးဂီတဖျော်ဖြေပွဲ ကျင်းပ

ဗဟန်း       အောက်တိုဘာ   ၁၈

    ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊  ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊လူထုအ ‌ ခြေပြုဗဟိုဌာန၌မြန်မာသံစဉ်တေးသီချင်းများကို ချစ်မြတ်နိုးသူများနှင့် တေးဂီတဝါသနာရှင်များ စိတ်ပါဝင်စားစွာ ပါဝင်ခံစားနိုင်ရန် ရည်ရွယ်၍ယနေ့မွန်းလွဲ၁နာရီက RITU-70မြန်မာသံစဉ်အဆိုတော်များ သီဆိုဖျော်ဖြေပွဲကို ကျင်းပခဲ့သည်။

အခမ်းအနားတွင်ဗဟန်းမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌဦးကံ၀င်းကအဖွင့်အမှာစကားပြောကြားပြီး ရန်ကုန်တိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်‌ အေးအေးခိုင်က ဖျော်ဖြေပွဲကျင်းပရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး  RITU-70 Founder ဦးမြင့်ဖေတို့က မုဒိတာစကားနှင့် အမှာစကားများ အသီးသီးပြောကြားခဲ့ပြီးRITU-70မြန်မာသံစဉ်အဆိုတော်များကမြန်မာ့ဂီတလောကတွင် အစဉ်အလာကောင်းများနှင့်အတူ ပရိသတ်ရင်ထဲစွဲမြဲခဲ့သည့် တေးသံရှင်များက တစ်ဦးချင်းစီ သီဆိုဖျော်ဖြေကြရာ တက်ရောက်လာကြသူများက အားပေးလက်ခုပ်သံများဖြင့် ချီးကျူးဂုဏ်ပြုခဲ့ကြသည်

ထို့နောက် ဧည့်သည်တေးသံရှင်များနှင့် တေးဂီတဝါသနာရှင်များကလည်း တေးသီချင်းများဖြင့် ဆက်လက်ဖျော်ဖြေခဲ့ကြရာ ခေတ်အဆက်ဆက် မြန်မာ့ဂီတအမွေအနှစ်များကို တစ်စုတစ်စည်းတည်း ပြန်လည်ခံစားနိုင်သည့် အမှတ်တရတေးဂီတပွဲကောင်းတစ်ရပ် ဖြစ်ပေါ်ခဲ့ပြီးRITU-70 Founder(မြန်မာသံစဉ်မြတ်နိုးသူများ)အားအလှုငွေများပေးအပ်ခဲ့သည်။ အဆိုပါဖျော်ဖြေပွဲသည် မြန်မာသံစဉ်တေးသီချင်းများကို မျိုးဆက်သစ်များအကြား ဆက်လက်ရှင်သန်စေရန်နှင့် ဂီတအနုပညာရှင်များ၏ တန်ဖိုးမဖြတ်နိုင်သည့် အနုပညာအမွေအနှစ်များကို ထိန်းသိမ်းမြှင့်တင်နိုင်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။