ဗဟန်း ဇွန် ၂၀
ဗဟန်းလူထုအခြေပြုဗဟိုဌာန Community Centreခန်းမ၌ယနေ့မွန်းလွဲ၁နာရီမှ၃နာရီအထိမြန်မာသံစဉ်ဂန္တဝင်အဆိုတော်ကြီးများနှင့်တွေ့ဆုံဖျော်ဖြေပွဲကိုကျင်းပခဲ့ပါသည်။
ရှေးဦးစွာရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဒေါ်ခိုင်ဆုရည်ဇော်ကအဖွင့်အမှာစကားပြောကြားခဲ့ပြီးရန်ကုန်တိုင်းဒေသကြီး၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှညွှန်ကြားရေးမှူးဒေါ်ခင်စောလင်းကမြန်မာဂန္တဝင်အဆိုတော်ကြီးများနှင့်တွေ့ဆုံဖျော်ဖြေပွဲကျင်းပရခြင်းရည်ရွယ်ချက်အားပြောကြားခဲ့ပါသည်။ဆက်လက်၍ဂန္တဝင်အဆိုတော်ကြီးများဖြစ်သည့် ခင်မောင်ကြီး၊ တင်ဦးလေးနှင့် ကေတုဝင်းထွဋ်တို့က သီဆိုဖျော်ဖြေခဲ့ပါသည်။
အဆိုပါအဆိုတော်ကြီးများအားရန်ကုန်တိုင်းဒေသကြီးညွန်ကြားရေးမှူးဒေါ်ခင်စောလင်း၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်အေးအေးခိုင်တို့ကအမှတ်တရဂါရဝလက်ဆောင်များချီးမြှင့်ခဲ့ပါသည်။ထို့နောက်U-70အဖွဲ့မှအဆိုတော်များအဆိုတော်ရွှေယမင်းဦးနှင့် ဝါသနာရှင်များမှသီဆိုဖျော်ဖြေခဲ့ကြကြောင်းသိရှိရပါသည်။



