မြန်မာသံစဉ်ဂန္တဝင်အဆိုတော်ကြီးများနှင့် တွေ့ဆုံဖျော်ဖြေပွဲကျင်းပ

ဗဟန်း   ဇွန်   ၂၀   ဗဟန်းလူထုအခြေပြုဗဟိုဌာန Community Centreခန်းမ၌ယနေ့မွန်းလွဲ၁နာရီမှ၃နာရီအထိမြန်မာသံစဉ်ဂန္တဝင်အဆိုတော်ကြီးများနှင့်တွေ့ဆုံဖျော်ဖြေပွဲကိုကျင်းပခဲ့ပါသည်။ ‌ ရှေးဦးစွာရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဒေါ်ခိုင်ဆုရည်ဇော်ကအဖွင့်အမှာစကားပြောကြားခဲ့ပြီးရန်ကုန်တိုင်းဒေသကြီး၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှညွှန်ကြားရေးမှူးဒေါ်ခင်စောလင်းကမြန်မာဂန္တဝင်အဆိုတော်ကြီးများနှင့်တွေ့ဆုံဖျော်ဖြေပွဲကျင်းပရခြင်းရည်ရွယ်ချက်အားပြောကြားခဲ့ပါသည်။ဆက်လက်၍ဂန္တဝင်အဆိုတော်ကြီးများဖြစ်သည့် ခင်မောင်ကြီး၊ တင်ဦးလေးနှင့် ကေတုဝင်းထွဋ်တို့က သီဆိုဖျော်ဖြေခဲ့ပါသည်။ အဆိုပါအဆိုတော်ကြီးများအားရန်ကုန်တိုင်းဒေသကြီးညွန်ကြားရေးမှူးဒေါ်ခင်စောလင်း၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်အေးအေးခိုင်တို့ကအမှတ်တရဂါရဝလက်ဆောင်များချီးမြှင့်ခဲ့ပါသည်။ထို့နောက်U-70အဖွဲ့မှအဆိုတော်များအဆိုတော်ရွှေယမင်းဦးနှင့် ဝါသနာရှင်များမှသီဆိုဖျော်ဖြေခဲ့ကြကြောင်းသိရှိရပါသည်။  

Read More

လူထုအခြေပြုဗဟိုဌာန(ဗဟန်း)၌ မြန်မာသံစဉ်ဂန္တဝင်အဆိုတော်ကြီးများနှင့်တွေ့ဆုံဖျော်ဖြေပွဲကျင်းပ

   ဗဟန်း     ​မေ       ၂၂         ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ကမာရွတ်ခရိုင်စီမံခန့်ခွဲ​ရေးနှင့်အုပ်ချုပ်​ရေး​ကော်မတီ၊ဗဟန်း မြို့နယ် စီမံခန့်ခွဲ​ရေးနှင့်အုပ်ချုပ်​ရေး​ကော်မတီ၊ဗဟန်းမြို့နယ်ဂီတအစည်းအရုံး၊ RIT(U-70)တို့စီစဥ်ကျင်းပသောမြန်မာသံစဉ်ဂန္တဝင်အဆိုတော်ကြီးများနှင့်တွေ့ဆုံဖျော်ဖြေပွဲကိုယနေ့မွန်းလွဲ၁နာရီကရန်ကုန်တိုင်းဒေသကြီး၊ကမာရွတ်ခရိုင်၊ဗဟန်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိလူထုအခြေပြုဗဟိုဌာန(ဗဟန်း)CommunityCenter၌ကျင်းပခဲ့သည်။ ဦးစွာဗဟန်းမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါက်တာလှတင့်ကအဖွင့်အမှာစကားပြောကြားပြီးရန်ကုန်တိုင်းဒေသကြီး၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ညွှန်ကြားရေးမှူးဒေါ်ခင်စောလင်းကမြန်မာသံစဉ်ဂန္တဝင်အဆိုတော်ကြီးများနှင့်တွေ့ဆုံဖျော်ဖြေပွဲကျင်းပရခြင်းနှင့်ပတ်သက်၍ရှင်းလင်းပြောကြားသည်။ဆက်လက်၍မြန်မာသံစဉ်ဂန္တဝင်အဆိုတော်ကြီးများဖြစ်​သောဒေါ်ခင်ခင် ၊ဒေါ်ခင်ထွေးမော် ၊ တက္ကသိုလ် လဲ့လဲ့ တို့ကမြန်မာသံစဉ်ဂန္တဝင်​တေးသီးချင်းများကို​ဖျော်​ဖြေတင်ဆက်ကြသည်။ ယင်းနောက်မြန်မာသံစဉ်ဂန္တဝင်အဆိုတော်ကြီးများကိုရန်ကုန်တိုင်းဒေသကြီး၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ညွှန်ကြားရေးမှူးဒေါ်ခင်စောလင်းနှင့်လက်​ထောက်ညွှန်ကြား​ရေးမှူး​ဒေါ်​အေး​အေးခိုင်တို့က ဂုဏ်ပြုလက်ဆောင်များချီးမြှင့်​ပေးအပ်ခဲ့သည်။ထို​နောက် RIT (U-70)ကအဆို​တော်များနှင့်ဧည့်သည်​တော်အဆို​တော်များက မြန်မာသံစဉ် တေးသီချင်းများကို ဆက်လက်သီဆိုဖျော်ဖြေခဲ့​ကြောင်းသိရသည်။

Read More