လူထုအခြေပြုဗဟိုဌာန(ဗဟန်း)၌ RIT U-70 မြန်မာသံစဉ်မြတ်နိုးသူများအဖွဲ့ညှိနှိုင်းအစည်းအဝေးနှင့် သီချင်းသီဆိုပွဲ ကျင်းပ

ဗဟန်း     ​စက်တင်ဘာ     ၂၆

    ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့် RIT (U-70) မြန်မာသံစဉ်မြတ်နိုးသူများအဖွဲ့တို့စီစဥ်ကျင်းပသော စတုတ္ထအကြိမ် မြန်မာသံစဉ်ဂန္တဝင်အဆိုတော်ကြီးများနှင့်တွေ့ဆုံဖျော်ဖြေပွဲကျင်းပနိုင်ရေးအတွက် အကြိုညှိနှိုင်းအစည်းအဝေးနှင့်သီချင်းသီဆိုပွဲကိုယမန်နေ့မွန်းလွဲ ၁ နာရီက လူထုအခြေပြုဗဟိုဌာန(ဗဟန်း) Community Center ခန်းမ၌ကျင်းပခဲ့သည်။

ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူးဒေါ်အေးအေးခိုင်ကအဖွင့်အမှာစကားပြောကြားပြီး RIT (U-70) မြန်မာသံစဉ်ချစ်မြတ်နိုးသူများအဖွဲ့  Founder ဦးမြင့်ဖေ က  စတုတ္ထအကြိမ်မြန်မာသံစဉ်ဂန္တဝင်အဆိုတော်ကြီးများနှင့်တွေ့ဆုံဖျော်ဖြေပွဲ  ကျင်းပနိုင်ရေးအတွက်အလှူငွေများထည့်ဝင်နိုင်ရေး၊အဆိုတော်များဖိတ်ကြားရေးနှင့်ဧည့်ခံကြိုဆိုရေးအတွက် လိုအပ်သည်များ ပြောကြားခဲ့သည်။

ထို​နောက် RIT (U-70) မြန်မာသံစဉ်မြတ်နိုးသူများအဖွဲ့က အဖွဲ့ဝင်များ  ၊ဧည့်သည်​တော်အဆို​တော်များ ၊အလှူရှင်များ၊ အမာခံအဖွဲ့များ နှင့် ဧည့်သည်ဝါသနာရှင်များ က မြန်မာသံစဉ် တေးသီချင်းများကို ဆက်လက်သီဆိုဖျော်ဖြေခဲ့​ကြောင်းသိရသည်။