ဗဟန်း စက်တင်ဘာ ၂၉
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ရန်ကုန်အနောက်ပိုင်း ခရိုင်၊ လူထုအခြေပြုဗဟိုဌာန ( ဗဟန်း) တွင် စာကြည့်တိုက်ပညာသင်တန်း (၁/၂၀၂၆)ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန်၌ ကျင်းပခဲ့ကြောင်းသိရသည်။
ဦးစွာ ရန်ကုန်အနောက်ပိုင်းခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင်က သင်တန်းဖွင့်အမှာစကားပြောကြားရာတွင် စာကြည့် တိုက်တာဝန်ခံများဖြစ်ကြသည့် ဒုတိယဦးစီးမှူး များအနေဖြင့် စာကြည့် တိုက်လုပ်ငန်းနှင့်ရင်းနှီးပြီးသားဖြစ်သော်လည်း စာကြည့်တိုက်လုပ်ငန်း ကိုပိုမိုတိကျစွာ၊မှန်ကန်စွာ ဆောင်ရွက်တတ်ကြစေရန်နှင့် အချင်းချင်း နှီးနှောဖလှယ်တတ်စေရန် ရည်ရွယ်ပြီး စာကြည့်တိုက် ပညာသင်တန်း ကိုဖွင့်လှစ်ရကြောင်းပြောကြားသည်။ထို့နောက် စာကြည့်တိုက် အမျိုး အစားများ နှင့်စာစုလုပ်ငန်းအကြောင်း သင်ကြားပို့ချခဲ့ကြောင်းသိရသည်။
အဆိုပါသင်တန်းတွင်ရန်ကုန်အနောက်ပိုင်းခရိုင်အတွင်းရှိ ဒုတိယ ဦးစီးမှူးများနှင့်တွဲဖက်ဒုတိယဦးစီးမှူးများတက်ရောက်သင်ကြားလျက်ရှိကြောင်း သည်။


