ဗဟန်း အောက်တိုဘာ ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ရန်ကုန်အနောက်ပိုင်းခရိုင်၊ပြန် ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊လူထုအခြေပြုဗဟိုဌာန(ဗဟန်း)၊ Community Centre ခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်က၂၀၂၆-၂၀၂၇ဘဏ္ဍာနှစ်၊တည်ဆဲအခွန်ဥပဒေများ နှင့်စပ်လျဉ်း၍ အခွန်ဆိုင်ရာရှင်းလင်းဆွေးနွေးခြင်း အခမ်းအ နား ကျင်းပခဲ့ကြောင်းသိရသည်။
ဦးစွာဗဟန်းမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ၊ဥက္ကဌဦးကံဝင်းကအဖွင့်အမှာစကားပြောကြားခဲ့ကြောင်းသိရသည်။ထို့နောက်ဗဟန်းမြို့နယ်အခွန်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူးဦးမျိုးသော်က၂၀၂၆-၂၀၂၇ဘဏ္ဍာနှစ် ၊တည်ဆဲအခွန်ဥပဒေများအရလိုက်နာရမည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ အခွန်ထမ်းပြည်သူများလိုက်နာရမည့် အကြောင်းအရာများကိုရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရသည်။တက်ရောက်လာသောအခွန်ထမ်းပြည်သူများကသိလိုသည်များမေးမြန်း၍တာဝန်ရှိသူများကပြန်လည်ဖြေကြားခဲ့ကြောင်းသိရသည်။


