လူထုအခြေပြုဗဟိုဌာန(ဗဟန်း)တွင် အသိပညာပေး ဟောပြောပွဲ နှင့်ပြပွဲ၊ပြိုင်ပွဲများကျင်းပ

ဗဟန်း                   စက်တင်ဘာ         ၁၇

               ရန်ကုန်တိုင်းဒေသကြီး ၊ ရန်ကုန်အနောက်ပိုင်းခရိုင် ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ၊လူထုအခြေပြုဗဟိုဌာန(ဗဟန်း)၊ Community Centre ခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်က       အသိပညာပေးဟောပြောပွဲနှင့်ပြပွဲ၊ပြိုင်ပွဲများကျင်းပ ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင် ကအဖွင့်အမှာစကား ပြောကြားပြီး စာရေးဆရာမ ပေါက်ပေါက်က”လူငယ်တို့အတွက် အရေးပါသောမုခမင်္ဂလာ”ခေါင်းစဉ်ဖြင့်ဟောပြောပေးပြီး တက်ရောက် လာသောကျောင်းသား ကျောင်းသူများက ကျပန်းစကားပြောပြိုင်ပွဲ၊ ပုံပြင် ပြောပြိုင်ပွဲ၊ကဗျာရွတ်ဆိုပြိုင်ပွဲ၊ဉာဏ်စမ်းပြိုင်ပွဲများ ကျင်းပ၍ အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ကြောင်းသိရသည်။

ဟောပြောပွဲသို့တက်ရောက်လာကြသော ကျောင်းသားကျောင်းသူ များကပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှခင်းကျင်းပြသထားသော ဗဟုသုတရစေသော သုတ/ရသ စာအုပ်စာ စောင်များနှင့် အသိပညာ ပေးနံရံကပ်စာစောင်များကို ကြည့်ရှု့ခဲ့ကြကြောင်းသိရသည်။