ဗဟန်း စက်တင်ဘာ ၁၁
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ “ဓာတ်ပုံပညာ မွမ်းမံသင်တန်း” ဆင်းပွဲအခမ်း အနားကို ယနေ့ မွန်းလွှဲ ၃ နာရီ က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုဗဟိုပြု ဌာန(ဗဟန်း)၌ ကျင်းပပြလုပ်ခဲ့သည်။
အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ထုတ်လုပ်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူးဒေါ်ယဉ်ဆွေဝင်းက သင်တန်းဆင်း အမှာစကားပြောကြားရာတွင် သင်တန်းသားများ အနေဖြင့် သင်တန်းမှ သင်ကြားပေးလိုက်တဲ့ပညာရပ်များကို မိမိတို့၏ဌာနအလုပ်များတွင် ကောင်းမွန် စွာ ပြန်လည်အသုံးချကြရန်နှင့် ဓာတ်ပုံ ပြိုင်ပွဲများတွင် ကောင်းမွန်လှပသော ဓာတ်ပုံများ ဖြင့်ပါဝင်ယှဉ်ပြိုင်ကြရန်”ပြောကြားခဲ့သည်။ထို့နောက် သင်တန်းနည်းပြ ဓာတ်ပုံပညာရှင် ဆရာ ဦးကျော်ဇေယျ (Ko Steed) က ဓာတ်ပုံပညာရပ်နှင့်ပက်သက်၍ အချိန်မရွေး မေးမြန်းနိုင်ကြောင်း အမှာစကားပြောကြားသည်။ယင်းနောကသင်တန်းသား များကိုယ်စားတောင်ငူခရိုင်မှကျွမ်းကျင်- ၂ (ဓာတ်ပုံ) ဦးဇော်ကိုကိုက ကျေးဇူးတင်စကားပြောကြားပြီး ထုတ်လုပ်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါ်ယဉ်ဆွေဝင်းကသင်တန်းဆင်းလက်မှတ်ပေးအပ်ကာသင်တန်းသားတစ်ဦးမှ လက်ခံရယူပြီးအခမ်းအနားကိုရုတ်သိမ်းခဲ့ကြောင်း သိရသည်။
အဆိုပါ ဓာတ်ပုံပညာမွမ်းမံသင်တန်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျွမ်းကျင် -၂ (ဓာတ်ပုံ) ဝန်ထမ်း (၃၀) ဦး တက်ရောက် သင်ကြားခဲ့ကြောင်းသိရသည်။




