လူထုအခြေပြုဗဟိုဌာန(ဗဟန်း)၌လူငယ်စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပ

ဗဟန်း             ဩဂုတ်       ၂၁

        ရန်ကုန်အနောက်ပိုင်းခရိုင်(ဗဟန်း)မြို့နယ်၊ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Youth Clubအဖွဲ့ဝင်လူငယ်တို့ပူးပေါင်း၍ လူငယ်စာဖတ်ဝိုင်းဆွေးနွေးပွဲကို စာရေးဆရာအောင်သင်းရေး သားသည့် “‌လူငယ်ရဲ့ဘဝနှင့်တန်ဖိုး” စာအုပ်ဖြင့် ယနေ့ နေလည်ပိုင်း က လူထုအခြေပြုဗဟိုဌာန( ဗဟန်း)  တွင် ကျင်းပခဲ့သည်။ ‌

စာဖတ်ဝိုင်းတွင်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူးဒေါ်အေးအေးခိုင်က စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ် ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး စာအုပ်ပါအကြောင်းအရာဖြစ်သည့် “‌ဘဝရဲ့အဓိပ္ပာယ်၊စာရိတ္တတန်ဖိုး”အကြောင်းအရာအား ဆွေးနွေးခဲ့သည်။

ထို့နောက် Youth Club အဖွဲ့ဝင်မောင်မင်းသွေးနောင်ကစာအုပ်ပါ “ဘဝရဲ့အဓိပ္ပာယ် ၊တန်ဖိုး(၃)မျိုး”အကြောင်းရာတို့ကိုကောက်နုတ်ဆွေးနွေးခဲ့ရာ Youth Club အဖွဲ့ဝင်များက စာအုပ်တွင်ပါရှိသည့် အကြောင်းအရာ တို့ကို အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

အဆိုပါစာဖတ်ဝိုင်းသို့ Youth Clubအဖွဲ့ဝင်များတက်ရောက်ခဲ့ကြပြီး စာအုပ်ပြပွဲနှင့် နံရံကပ် စာစောင်ပြပွဲတို့ကိုလည်း စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြောင်းသိရသည်။