အမက ( ၂၅) ဗဟန်းတွင်နယ်လှည့်စာကြည့်တိုက်နှင့်ပြပွဲ ပြိုင်ပွဲများ ကျင်းပ

ဗဟန်း                       ဩဂုတ်      ၂၀

            ရန်ကုန်တိုင်းဒေသကြီး၊အနောက်ပိုင်းခရိုင်၊ ဗဟန်းမြို့နယ်၊အမှတ် ( ၂၅)အခြေခံပညာမူလတန်း ကျောင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ယနေ့နံနက် ၁၀ နာရီတွင် နယ်လှည့် စာကြည့်တိုက်နှင့်ပြ​ပွဲ ပြိုင်ပွဲများ ကျင်းပကြောင်းသိရသည်။

ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ ရန်ကုန် အနောက်ပိုင်းခရိုင်ရုံးမှ ဒုတိယဦးစီးမှူး ဒေါ်သင်းသင်းစိုးက ကျောင်းသား ကျောင်းသူများအား ကျောင်းစာအပြင် ဗဟုသုတ ရရှိစေနိုင်သော စာများဖတ်ရှု့ကြရန် ဟောပြောပြီး အမှတ် ( ၂၅)အခြေခံပညာ မူလတန်းကျောင်းမှ ကျောင်းသားကျောင်းသူလေးများက ကဗျာရွတ်ဆို ပြိုင်ပွဲနှင့်ပုံပြင်ပြောပြိုင်ပွဲ များတွင်ပါဝင်ယှဉ်ပြိုင် ကြပြီး အမှတ်တရ လက်ဆောင်များပေးအပ်ခဲ့ကြောင်းသိရသည်။ထို့နောက် ကျောင်းသား ကျောင်းသူများ ကို သုတရသစာအုပ်စာစောင်များ ငှားရမ်းပေးခဲ့ ကြောင်းသိရသည်။

ဆက်လက်ပြီး ကျောင်းသားကျောင်းသူများ ကာယဖွံ့ဖြိုးတိုး တက်စေရန် အတွက်ရည်ရွယ်၍ ခါးကွင်းလှည့်ပြိုင်ပွဲ၊ ဘောလုံးပစ်ပြိုင်ပွဲ၊ စကားပုံဆက် ပြိုင်ပွဲ၊ ဘယ်ခြေညာလက်ပြိုင်ပွဲများတွင် ပျော်ရွှင်စွာ ပါဝင်ကစားခဲ့ကြပြီးအမှတ်တရ လက်ဆောင်​ပစ္စည်းများ ပေးအပ်ခဲ့ ကြောင်းသိရသည်။