အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အကြိုဟောပြောပွဲနှင့်ပြိုင်ပွဲများကျင်းပ

ဗဟန်း      ဇွန်        ၁၈

     ရန်ကုန်တိုင်းဒေသကြီး၊ရန်ကုန်အနောက်ပိုင်းခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ဗဟန်းလူထုအခြေပြုဗဟိုဌာနတွင်     အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အကြိုဟောပြောပွဲ ၊  ပြိုင်ပွဲများ၊နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲကို  ဟောပြောပွဲ၊ပြိုင်ပွဲများ၊ နံရံကပ်စာ‌စောင်ပြပွဲ၊စာအုပ်ပြပွဲကို  ယနေ့နံနက်၁၁နာရီအချိန်က ကျင်းပခဲ့‌ကြောင်းသိရသည်။

ရှေးဦးစွာ ရန်ကုန်အနောက်ပိုင်းခရိုင်၊ဦးစီးအရာရှိ ဦးရန်ငြိမ်းက အဖွင့်အမှာစကားပြောကြားပြီး စာရေးဆရာမပေါက်ပေါက်က မူးယစ် ဆေးဝါး၏အဓိပ္ပါယ်၊မူးယစ်ဆေးဝါးအမျိုးအစားများ၊မူးယစ်ဆေးဝါးကြောင့်ဖြစ်တတ်သောရောဂါများအကြောင်းနှင့်ဆိုးကျိုးများအကြောင်းကို”ရှောင်လေဝေးဝေးမူးယစ်ဆေး”ခေါင်းစဉ်ဖြင့်ဟောပြောခဲ့ကြောင်းသိရပါသည်။

ထို့နောက်တက်ရောက်လာကြသောကျောင်းသားကျောင်းသူများက စာစီစာကုံးပြိုင်ပွဲ၊ဉာဏ်စမ်းပြိုင်ပွဲ၊ဆေးရောင်ခြယ်ပြိုင်ပွဲ၊ပုံပြင်ပြောပြိုင်ပွဲ၊ကဗျာရွတ်ဆိုပြိုင်ပွဲနှင့်ပန်းချီရေးဆွဲပြိုင်ပွဲများကိုဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများအားအမှတ်တရလက်ဆောင်ပစ္စည်းများ ပြန်လည် ပေးအပ်ခဲ့ပြီးပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှခင်းကျင်း ပြသ ထားသော ဗဟုသုတရရှိစေသည့် နံရံကပ်စာစောင်များနှင့် စာအုပ် စာစောင်ပြပွဲများကြည့်ရှု့လေ့လာခဲ့ကြကြောင်းသတင်းရရှိပါသည်။