လူထုအခြေပြုဗဟိုဌာန(ဗဟန်း)၌ (၇၉)နှစ်မြောက်ပြည်ထောင်စုနေ့အကြိုဟောပြောပွဲ၊ ပြိုင်ပွဲများ၊နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲကျင်းပ
ဗဟန်း ဇန်နဝါရီ ၁၅ ရန်ကုန်တိုင်းဒေသကြီး၊ရန်ကုန်အနောက်ပိုင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ဗဟန်းလူထုအခြေပြုဗဟိုဌာနတွင် (၇၉)နှစ်မြောက်ပြည်ထောင်စုနေ့အကြိုဟောပြောပွဲ၊ ပြိုင်ပွဲများ၊နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲကို ယနေ့နံနက်၁၁နာရီအချိန်က ကျင်းပခဲ့ကြောင်းသိရသည်။ ရှေးဦးစွာလက်ထောက်ညွှန်ကြားရေးမှူးဒေါ်အေးအေးခိုင်က အဖွင့်အမှာစကားပြောကြားပြီး စာရေးဆရာမပေါက်ပေါက်က ကျောင်းသားကျောင်းသူများမျိုးချစ်စိတ်ဓာတ်နိုးကြားတတ်စေရန် “တွဲထားလက်များခိုင်စေသား “ခေါင်းစဉ်ဖြင့်ဟောပြောခဲ့ကြောင်းသိရပါသည်။ ထို့နောက်တက်ရောက်လာကြသောကျောင်းသားကျောင်းသူများကစာစီစာကုံးပြိုင်ပွဲ၊ ဉာဏ်စမ်းပြိုင်ပွဲ၊ဆေးရောင်ခြယ်ပြိုင်ပွဲ၊ပုံပြင်ပြောပြိုင်ပွဲ၊ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ပန်းချီရေးဆွဲပြိုင်ပွဲများကိုဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများအားအမှတ်တရလက်ဆောင်ပစ္စည်းများပြန်လည်ပေးအပ်ခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော ဗဟုသုတရရှိစေသည့် နံရံကပ်စာစောင်များနှင့် စာအုပ်စာစောင်ပြပွဲများကြည့်ရှု့လေ့လာခဲ့ကြပြီး ဂိမ်းကစားနည်းများဖြစ်ကြသောဘော့လုံးပေါက်ပြိုင်ပွဲ၊ခါးကွင်းလှည့်ပြိုင်ပွဲနှင့်ဘယ်ခြေညာလက်ပြိုင်ပွဲများကိုပျော်ရွှင်စွာကစားခဲ့ကြကြောင်း သတင်းရရှိပါသည်။