တောင်ကြီးမြို့တွင် စာရေးဆရာမ သျှီအင်ကြင်း ရေးသားသော “ ကမ်းဆင့်လက်မွန် ဝတ္ထုတိုစာစုများ” စာအုပ်ဖြင့်စာဖတ်ဝိုင်းပြုလုပ်
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း (Book Club)တို့ပူးပေါင်း၍ လူထုအခြေပြုဗဟို ဌာန(Community Centre)၊ Art Space တွင် စာရေးဆရာမ သျှီအင်ကြင်း ရေးသားသော “ ကမ်းဆင့်လက်မွန် ဝတ္ထုတိုစာစုများ” စာအုပ်ဖြင့်စာဖတ်ဝိုင်းကို ဇူလိုင် ၁၅ ရက်နေ့ မွန်းလွဲ ၁ နာရီက ပြုလုပ် ခဲ့ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူး…