ဗဟန်းမြို့နယ်အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းတွင်စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အသိပညာပေးဟောပြောပွဲနှင့်ပြပွဲ၊ပြိုင်ပွဲများကျင်းပ
ဗဟန်း ဇန်နဝါရီ ၁၆ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဗဟန်းမြို့နယ် အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်း၊ အောင်ဆန်းခန်းမတွင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အသိပညာပေးဟောပြောပွဲနှင့် ပြပွဲ၊ပြိုင်ပွဲ များကို ယနေ့နံနက် (၁၀)နာရီ အချိန်က ကျင်းပ ခဲ့ကြောင်း သိရသည်။ အဆိုပါအခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရန်ကုန်အနောက်ပိုင်း ခရိုင်လက်ထောက်ညွှန်ကြားရေးမှူးဒေါ်အေးအေးခိုင်ကအဖွင့်အမှာစကားပြောကြားခဲ့ပြီး စာရေးဆရာမ ပေါက်ပေါက်က”တွဲထားလက်များခိုင်စေသား”ခေါင်းစဉ်ဖြင့်ဟောပြောပေးခဲ့ပါသည်။ ထို့နောက် လူငယ် စကားဝိုင်းကျင်းပရာ…