ဗဟန်း ဇန်နဝါရီ ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ လူထုအခြေပြုဗဟိုဌာန (ဗဟန်း) တွင် ယနေ့ နံနက် ၉ နာရီအချိန်က စာရေးဆရာမနန်းဟင်းပြင်း၏”သုံးခွက်တစ်ခွက်တင်ရသဝတ္ထုစုစည်းမှုစာအုပ်မိတ်ဆက်ပွဲ အခမ်းအနားကျင်းပ ပြုလုပ်ခဲ့ရာ အမျိုးသားစာပေဆုရှင်စာရေးဆရာအောင်သျှံဝိုင်း၊အမျိုးသားစာပေဆုရှင် စာရေးဆရာကြီးဆောင်းဝင်းလတ်၊စာပေဗိမာန်စာပေဆုရှင် သန်လျင်မောင်မောင်ဦး၊အမျိုးသားစာပေဆုရှင် မိချမ်းဝေနှင့်စာပေ စိတ်ပါဝင်စားသူများ တက်ရောက်ကြသည်။
ရှေ့ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ရန်ကုန်အနောက်ပိုင်းခရိုင်ရုံးမှဒုတိယဦးစီးမှူးဒေါ်သင်းသင်းစိုးကနုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီးအမျိုးသားစာပေဆုရှင် စာရေးဆရာဆောင်းဝင်းလတ် ၊အမျိုးသားစာပေဆုရှင် စာရေးဆရာအောင်သျှံဝိုင်း၊စာပေဗိမာန်စာပေဆုရှင် သန်လျင်မောင်မောင်ဦး ၊သာကေတBook Club နာယက ဆရာဦးမြစိန်၊ စာရေးဆရာမညွန့်ညွန့်(ကလော)၊စာရေးဆရာမ မအေးပွင့်တို့ကမုဒိတာစကားပြောကြားခဲ့ကြပါသည်။
ထို့နောက်ပွင့်ပန်းသစ္စာစာပေမှ ထုတ်ဝေသူ ဆရာကျော်ခင်ဝင်းမှ စာအုပ်ထုတ်လုပ်မှုနှင့်ပက်သက်၍ရှင်းလင်းပြောကြားပြီး စာရေးဆရာမနန်းဟင်းပြင်းက “သုံးခွက်တစ်ခွက်တင်ရသဝတ္ထုစုစည်းမှု”စာအုပ်အားမိတ်ဆက်ရှင်းလင်းပြောကြားခဲ့ကြောင်းသိရပါသည်။မုဒိတာစကားပြောကြားပေးကြသောစာရေးဆရာများအားဆရာမနန်းဟင်းပြင်းကအမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ပြီးအခမ်းအနားကိုရုတ်သိမ်းခဲ့ကြောင်းသိရပါသည်။အခမ်းအနားအပြီးတွင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက စာအုပ်ပြပွဲနှင့်နံရံကပ်စာစောင်များခင်းကျင်းပြသကာ စာအုပ်မိတ်ဆက်ပွဲအခမ်းအနားသို့ ကြွရောက်လာကြသူများက ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရှိရသည်။




