ဗဟန်း ဩဂုတ် ၇
ကမာရွတ်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ခေတ္တဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ခေတ္တဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများဖြင့် ကျင်းပပြုလုပ်သော ပုံမှန်လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကို ဗဟန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊အစည်းအဝေးခန်းခ၌ ယနေ့မွန်းလွဲ ၁နာရီကျင်းပခဲ့ကြောင်းသိရသည်။
ဦးစွာ ကမာရွတ်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ခေတ္တ ဥက္ကဋ္ဌ ဦးဝေဖြိုးမောင်က အဖွင့်အမှာစကားပြောကြားပြီး ကမာရွတ်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အတွင်းရေးမှူး ရဲမှူးကြီး ကျော်ဦး ၊ကမာရွတ်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင် ဦးမင်းနောင် နှင့် ဦးခွန်ကျော်မြင့်လှိုင်က ဆွေးနွေးပြောကြားခဲ့ကြောင်းသိရသည်။ထို့နောက်ဗဟန်းမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ခေတ္တဥက္ကဋ္ဌ ဦးကျော်မင်းခိုင်က ဆွေးနွေးပြောကြားပြီးနောက်တက်ရောက်လာကြသော မြို့နယ်စီမံ ခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ နှင့်ရပ်ကွက် အုပ်ချုပ်ရေးမှူးများကဆွေးနွေးပြောကြားကြပြီးနောက်ကမာရွတ်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ခေတ္တ ဥက္ကဋ္ဌ ဦးဝေဖြိုးမောင်က နိဂုံးချုပ်စကားပြောကြားပြီးအခမ်းအနားကိုရုတ်သိမ်းခဲ့ကြောင်းသိရသည်။

