ကမာရွတ်ခရိုင်ဗဟန်းမြို့နယ်၌ ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကျင်းပ

 ဗဟန်း         သြဂုတ်     ၁၁

        ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကိုယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ဗဟန်းမြိုနယ်ရှိအမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းခန်းမ၌စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။အဆိုပါပွဲတော်တွင်ကာယစွမ်းရည်ပြိုင်ပွဲများဖြစ်သည့်ခါးလှည့်ကွင်း၊စကားပုံဆက်၊မြှားပစ်၊စက္ကူခေါက် ခွက်ရွှေ့၊ဘောလုံးဖိ၊ဘောလုံးပစ်၊မြှားလှည့်ပြိုင်ပွဲများတွင်ကျောင်းသားကျောင်းသူများအေးချမ်းပျော်ရွှင်စွာပါဝင်ဆင်နွှဲကြသည်။

ဦးစွာ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေး ပွဲတော်မုခ်ဦးအား ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအောင်နိုင်သူ၊ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ပြန်ကြားရေး၊ကယ်ဆယ်ရေးနှင့်သာသနာရေးဝန်ကြီးဦးနေလင်းထွန်း၊ရန်ကုန်တိုင်းဒေသကြီးအ​​ခြေခံပညာဦးစီးဌာန၊တိုင်းဦးစီးမှူး၊ဒုတိယညွှန်ရေးမှူးချုပ်ဦးမျိုးဝင်းအောင်၊ရန်ကုန်တိုင်းဒေသကြီး၊ပြန်ကြားရေးနှင့်ပြည်သူ့

ဆက်ဆံရေးဦးစီးဌာန၊ညွှန်ကြားရေးမှူးဒေါ်ခင်စောလင်း၊ဗဟန်းမြို့နယ်ွအမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၊ကျောင်းအကျိုးတော်ဆောင်ဒေါ်ချိုချိုလတ်တို့ကဖဲကြိုးဖြတ်ဖွင့်လှစ်ပြီးဉာဏစွမ်းရည်ပြိုင်ပွဲများ၊၊စာအုပ်အရောင်းဆိုင်များနှင့်ဌာနဆိုင်ရာပြခန်းများကိုလှည့်လည်ကြည့်ရှုအားပေးခဲ့သည်။ဆက်လက်၍အခမ်းအနားပထမပိုင်းကိုကျင်းပရာဗဟန်းမြို့နယ်၊အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ကျောင်းသူလေးများက“ပညာဘဏ်တိုက်စာကြည့်တိုက်”သီချင်းဖြင့် သီဆိုဖွင့်လှစ်၍ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးအောင်နိုင်သူကအဖွင့်အမှာစကားပြောကြားပြီးစာပေဟောပြောမည့်စာရေးဆရာလင်းသိုက်ညွှန့်(မြန်မာမြေ)အားဂုဏ်ပြုလက်ဆောင်နှင့်ဖျော်ဖြေရေးအဖွဲ့များအားဂုဏ်ပြုငွေများပေးအပ်သည်။ယင်းနောက်ဗဟန်းမြို့နယ်၊အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ၊ကျောင်းသူလေးများက”အပျိုတော်ယိမ်း”သီချင်းဖြင့်သီဆိုဖျော်ဖြေခြင်း၊ဗဟန်းမြို့နယ်၊အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ကျောင်းသူလေးများက”​သွေးချင်းတို့ရဲ့​မြေ”သီးချင်းဖြင့်ကပြ​ဖျော်​ဖြေပြီးးပထမပိုင်း အခမ်းအနားအစီအစဉ် ပြီးမြောက်ခဲ့သည်ဆက်လက်၍အခမ်းအနားဒုတိယပိုင်းကိုကျင်းပရာဗဟန်းမြို့နယ်၊အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှကျောင်းသား၊ကျောင်းသူလေးများက“နပန်းဆံ”သီချင်းဖြင့်သီဆိုဖျော်ဖြေခြင်း၊ဗဟန်းမြို့နယ်၊အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ကျောင်းသူလေးများက“နောင်အင်းလေး”ဖြင့်ကပြဖျော်ဖြေခြင်း၊စာရေးဆရာလင်းသိုက်ညွန့်(မြန်မာမြေ)ကစာပေဟောပြောခြင်း၊ဗဟန်းမြို့နယ်၊ အမှတ်(၂၂) အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းသား၊ကျောင်းသူလေးများက “မြတ်ဆရာ”သီချင်းဖြင့်သီဆိုဖျော်ဖြေခြင်း၊ဗဟန်းမြို့နယ်၊အမှတ်(၇)အခြေခံပညာမူလတန်းကျောင်းကကျောင်းသား၊ကျောင်းသူလေးများက”“ကဗျာလွတ်အက”ဖြင့်ကပြဖျော်ဖြေခြင်း၊ဗဟန်းမြို့နယ်၊အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ကျောင်းသူလေးများက”အင်းတိုက်​တေး”သီချင်းဖြင့်ကပြဖျော်ဖြေခြင်း၊ဗဟန်းမြို့နယ်၊အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှကျောင်းသူတစ်ဦးက”ခိုင်မာလာနှင်းဆီ”သီချင်းဖြင့်ကပြဖျော်ဖြေခြင်း၊ဗဟန်းမြို့နယ်၊အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှကျောင်းသား၊ကျောင်းသူလေးများက”ခွမ်မွမ်းတိုင်”သီချင်းဖြင့်ကပြဖျော်ဖြေခြင်း၊ဗဟန်းမြို့နယ်၊အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းကကျောင်းသား၊ကျောင်းသူလေးများက ”“တိုင်ကွမ်ဒို​”ဖြင့်သရုပ်ပြ​ဖျော်​ဖြေခြင်း၊ဗဟန်းမြို့နယ်အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းကကျောင်းသားကျောင်းသူလေးများက”ဘွန်တော”သီချင်းဖြင့်ကပြဖျော်ဖြေခြင်း၊ပြိုင်ပွဲများတွင်ဆုရရှိသူများအားဆုများပေးအပ်ချီးမြှင့်ခြင်းဗဟန်းမြို့နယ်အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းကကျောင်းသားကျောင်းသူလေးများက“သွေးချင်းတို့ရဲ့မြေ”သီချင်းဖြင့်ကပြဖျော်ဖြေခြင်းတို့ဆောင်ရွက်ခဲ့ပြီးဒုတိယပိုင်းအခမ်းအနားအစီအစဉ်ပြီးမြောက်ခဲ့ကြောင်းသိရှိရသည်။