လူထုအခြေပြုဗဟိုဌာန (ဗဟန်း) ၌ သင်တန်းများ ဆက်လက်သင်ကြားလျက်ရှိ

ဗဟန်း    ဩဂုတ်      ၁၆

                ရန်ကုန်တိုင်းဒေသကြီး၊အနောက်ပိုင်းခရိုင်၊ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊လူထုအခြေပြုဗဟိုဌာန(ဗဟန်း)၌ရသစာပေ ဖန်တီးရေးဖွဲ့မှုသင်တန်းနှင့်လုပ်ငန်းခွင်အင်္ဂလိပ်စာ အရည်အချင်း မြှင့်တင်ခြင်းသင်တန်းများကိုဆက်လက်သင်ကြားလျက်ရှိကြောင်း သိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ဌာနအတွင်းရှိဝန်ထမ်းများမရှိမဖြစ်လိုအပ်သောအင်္ဂလိပ်စာအရည်အချင်းကို မြှင့်တင်ပေးရန်၊ နိုင်ငံတကာနှင့် ဆက်သွယ်ဆောင်ရွက်ရာတွင် ယုံကြည်မှုရှိရှိဆောင်ရွက်နိုင်သည့် စွမ်းရည်မြှင့်ဝန်ထမ်းများဖြစ်လာစေရန် ရည်ရွယ်၍လည်းကောင်းဖွင့်လှစ်ထားသည့်လုပ်ငန်းခွင်အင်္ဂလိပ်စာ  အရည်အချင်းမြှင့်တင်ခြင်းသင်တန်းနှင့် ဆောင်းပါးများရေးသားရာတွင် စနစ်တကျရေးသားတတ်စေရန်ဖွင့်လှစ်ထားသည့် ရသစာပေဖန်တီး ရေးဖွဲ့နည်းသင်တန်းများကိုအပတ်စဉ် စနေနေ့တိုင်းသင်ကြား ပို့ချ လျက်ရှိကြောင်းသိရသည်။

အဆိုပါသင်တန်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၏ဌာနခွဲများမှဝန်ထမ်းများနှင့် ရန်ကုန်တိုင်းဒေသကြီး၊ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အတွင်းရှိ ဦးစီးအရာရှိများ နှင့် ဒုတိယဦးစီးမှူး များစုစုပေါင်း( ၆၂)ဦး တက်ရောက်လျက်ရှိကြောင်းသိရသည်။