ဗဟန်း ဩဂုတ် ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်( ဗဟန်း) လူထုအခြေပြု ဗဟိုဌာန၌ ကမာရွတ်ခရိုင်ကြက်ခြေနီ ကြီးကြပ်မှုကော်မတီမှ ရှေးဦး ပြုစုခြင်း(သာမာန်)သင်တန်းဖွင့်ကို ယနေ့နံနက် ၉နာရီ ကကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရပါသည်။
သင်တန်းဖွင့်ပွဲတွင်ကမာရွတ်ခရိုင်ကြက်ခြေနီကြီးကြပ်မှု ကော်မတီဥက္ကဌ ဦးအောင်ကြည် က သင်တန်းအဖွင့်အမှာစကား ပြောကြားပြီး ဗဟန်းမြို့နယ်ကြက်ခြေနီအသင်းတပ်ခွဲမှူး ဦးအောင်ကိုဦး ကသင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ကိုပြောကြားခဲ့ကြောင်းသိရပါသည်။ဤသင်တန်းတွင်ရှေးဦးပြုစုခြင်းဘာသာရပ်များကို စာတွေ့၊လက်တွေ့ သင်ကြားပေးမှာဖြစ်ပြီးအချိန်၅ရက်ကြာသင်ကြားပေးမည်ဖြစ်ကြောင်းသိရပါသည်။
အဆိုပါသင်တန်းတွင် ကမာရွတ်မြို့နယ်နှင့် ဗဟန်းမြို့နယ် ကြက်ခြေနီအသင်းဝင်နှင့်တပ်ဖွဲ့ဝင် သင်တန်းသူသင်တန်းသားပေါင်း ၂၉ ဦးတက်ရောက်လျက်ရှိကြောင်းသိရပါသည်။

