လူထုအခြေပြုဗဟိုဌာန(ဗဟန်း)၌ (၇၉)နှစ်မြောက်ပြည်ထောင်စုနေ့အကြိုဟောပြောပွဲ၊ ပြိုင်ပွဲများ၊နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲကျင်းပ

ဗဟန်း                     ဇန်နဝါရီ         ၁၅

            ရန်ကုန်တိုင်းဒေသကြီး ၊ ရန်ကုန်အနောက်ပိုင်းခရိုင် ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၊ ဗဟန်းလူထုအခြေပြုဗဟိုဌာနတွင်(၇၉)နှစ်မြောက်ပြည်ထောင်စုနေ့အကြိုဟောပြောပွဲ ၊  ပြိုင်ပွဲများ ၊ နံရံကပ် စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲကို  ဟောပြောပွဲ၊ပြိုင်ပွဲများ၊ နံရံကပ်စာ‌စောင် ပြပွဲ၊ စာအုပ်ပြပွဲကို  ယနေ့ နံနက် (၁၁) နာရီအချိန်က ကျင်းပခဲ့‌ကြောင်းသိရသည်။

ရှေးဦးစွာလက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင်က အဖွင့်အမှာစကားပြောကြားပြီး စာရေးဆရာမပေါက်ပေါက်က ကျောင်းသားကျောင်းသူများ မျိုးချစ်စိတ်ဓာတ်နိုးကြားတတ်စေရန် “တွဲထားလက်များခိုင်စေသား “ခေါင်းစဉ်ဖြင့်ဟောပြောခဲ့ ကြောင်း သိရပါသည်။

ထို့နောက် ကျောင်းသားကျောင်းသူများကစာစီစာကုံးပြိုင်ပွဲ၊ ဉာဏ်စမ်းပြိုင်ပွဲ၊ဆေးရောင်ခြယ် ပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ပန်းချီရေးဆွဲပြိုင်ပွဲများကိုဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိ သူများအားအမှတ်တရလက်ဆောင်ပစ္စည်းများပြန်လည်ပေးအပ်ခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ခင်းကျင်းပြသထားသော ဗဟုသုတရရှိစေသည့် နံရံကပ်စာစောင်များနှင့် စာအုပ် စာစောင်ပြပွဲများ ကြည့်ရှု့လေ့လာခဲ့ကြပြီး ဂိမ်းကစားနည်းများဖြစ်ကြ​သောဘော့လုံးပေါက် ပြိုင်ပွဲ၊ခါးကွင်း လှည့်ပြိုင်ပွဲ နှင့်ဘယ်ခြေညာလက်ပြိုင်ပွဲများကို​ ပျော်ရွှင်စွာ ကစားခဲ့ကြကြောင်း သတင်းရရှိပါသည်။