ဗဟန်းမြို့နယ်အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းတွင်စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အသိပညာပေးဟောပြောပွဲနှင့်ပြပွဲ၊ပြိုင်ပွဲများကျင်းပ

ဗဟန်း    ဇန်နဝါရီ      ၁၆

                ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဗဟန်းမြို့နယ် အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်း၊ အောင်ဆန်းခန်းမတွင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အသိပညာပေးဟောပြောပွဲနှင့် ပြပွဲ၊ပြိုင်ပွဲ များကို ယနေ့နံနက် (၁၀)နာရီ အချိန်က ကျင်းပ ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရန်ကုန်အနောက်ပိုင်း ခရိုင်လက်ထောက်ညွှန်ကြားရေးမှူးဒေါ်အေးအေးခိုင်ကအဖွင့်အမှာစကားပြောကြားခဲ့ပြီး စာရေးဆရာမ ပေါက်ပေါက်က”တွဲထားလက်များခိုင်စေသား”ခေါင်းစဉ်ဖြင့်ဟောပြောပေးခဲ့ပါသည်။ ထို့နောက် လူငယ် စကားဝိုင်းကျင်းပရာ ဦးဆောင်ဆွေးနွေးသူအဖြစ် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင်က ဦးဆောင်ဆွေးနွေးကာ အထက်တန်းပြဆရာမဒေါ်စန်းယုမော်နှင့်ကျောင်းသား၊‌ကျောင်းသူ(၄)ဦးက ပါဝင် ဆွေးနွေးကြသည်။ ထို့နောက်တက်ရောက်လာကြသည့်ကျောင်းသား/ကျောင်းသူများက မိမိတို့သိရှိ လိုသည်များကို မေးမြန်း ဆွေးနွေးကြရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ဖြေကြားခြင်းဖြင့် အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။ထို့နောက် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ကျပန်း စကားပြောပြိုင်ပွဲနှင့်ပုံပြင်ပြောပြိုင်ပွဲများကျင်းပပြီးဆုရရှိသော ကျောင်းသား၊ကျောင်းသူလေးများနှင့် စာပေစကားဝိုင်းတွင်ပါဝင်ဆွေးနွေးကြသော ကျောင်းသားကျောင်းသူများအား ကမာရွတ်ခရိုင် နှင့် ဗဟန်းအမျိုးသမီးရေးရာအဖွဲ့များမှ တာဝန်ရှိသူများနှင့် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင် တို့ အမှတ်တရ ဆုလက်ဆောင်များ ပေးအပ်၍အခမ်းအနားကို ရုတ်သိမ်းခဲ့‌ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ခင်းကျင်းပြသထားသော အသိပညာပေးနံရံကပ်စာစောင်နှင့် စာအုပ်စာ‌စောင်ပြပွဲများကိုကျောင်းသား၊ကျောင်းသူများက စိတ်ပါ ဝင်စားစွာကြည့်ရှုခဲ့ကြပြီးဂိမ်းကစားနည်းပြိုင်ပွဲများ​ဖြစ်ကြသည့် စကားပုံဆက်ပြိုင်ပွဲ၊ ဘောလုံးပေါက် ပြိုင်ပွဲ၊ခါးကွင်းလှည့်ပြိုင်ပွဲနှင့်ဘယ်ခြေညာလက်ပြိုင်ပွဲများအား ပျော်ရွှင်စွာကစားခဲ့ကြ‌ကြောင်း သိရပါ သည်။ ယင်းအခမ်းအနားသို့ ကျောင်းသား၊ကျောင်းသူ(၃၅၀)ဦးခန့် တက်ရောက် ခဲ့ကြောင်းသိရသည်။