ဗဟန်း ဒီဇင်ဘာ ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်( ဗဟန်း)Community Centreခန်းမတွင် လူငယ်စာဖတ်ဝိုင်းကို ယနေ့ မွန်းလွဲ(၁)နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါစာဖတ်ဝိုင်းတွင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင် ဒုတိယဦးစီးမှူးဒေါ်သင်းသင်း စိုးက စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး စာရေးဆရာမောင်မင်းစိုးရေးသားခဲ့သော “ခွန်အားရှိသောစာ ခွန်အားရှိသောလူငယ်”စာအုပ်များအကြောင်းကိုဦးဆောင်ဆွေးနွေးခဲ့သည်။ထို့နောက်တက်ရောက်လာကြသောလူငယ်များက “ဘာကြောင့်စာဖတ် သင့်သလဲ”၊”စကားပြောသောဒိုင်ယာရီ”၊”ရှင်းသန့်သောလူငယ်”၊”လူငယ်နှင့်အတုယူခြင်း”၊”တန်ဖိုး”အစရှိသောခေါင်းစဉ် အသီးသီးအပြန်အလှန် ဖတ်ကြားခဲ့ကြကြောင်းသိရသည်။
အဆိုပါ စာဖတ်ဝိုင်းများကိုလူငယ်များစာပေ ဖတ်ရှုသည့် အလေ့အထများဖြစ်ထွန်းစေရန်၊ပြန်လည်မျှဝေပေးသည့် အလေ့ အကျင့်ကောင်းများ ရရှိစေရန်နှင့် အသိပညာဗဟုသုတ တိုးပွားစေရေး အတွက် စာပေချစ်မြတ်နိုးသူများအသင်း Book Club၊ Woman Club နှင့် Youth Club အသင်းများဖြင့် လစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


