လူထုအခြေပြုဗဟိုဌာန (ဗဟန်း)

ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်း၊ စာပေဗိမာန်စာအုပ်အရောင်းဆိုင်၊ အစည်းအဝေးခန်းမ၊ သင်တန်းခန်းမ ကွန်ပျူတာခန်းမ၊ ဘက်စုံသုံးခန်းမ၊ အားကစားခန်းမ၊ ဟင်းလင်းပြင်ကာယလေ့ကျင့်ခန်း၊ အနုပညာခန်းမ၊ ကလေးကစားကွင်း၊ ကားပါကင်

လှုပ်ရှားမှုများ

မြန်မာသံစဉ်ဂန္တဝင်အဆိုတော်ကြီးများနှင့် တွေ့ဆုံဖျော်ဖြေပွဲကျင်းပ

ဗဟန်း   ဇွန်   ၂၀   ဗဟန်းလူထုအခြေပြုဗဟိုဌာန Community Centreခန်းမ၌ယနေ့မွန်းလွဲ၁နာရီမှ၃နာရီအထိမြန်မာသံစဉ်ဂန္တဝင်အဆိုတော်ကြီးများနှင့်တွေ့ဆုံဖျော်ဖြေပွဲကိုကျင်းပခဲ့ပါသည်။...

လူထုအခြေပြုဗဟိုဌာန (ဗဟန်း) Community Centerခန်းမ၌ ရှေးဦးပြုစုခြင်း(အခြေခံ) သင်တန်း အမှတ်စဉ် (၄/၂၀၂၆) သင်တန်းဆင်းပွဲကျင်းပ

ဗဟန်း    ဇွန်    ၁၅         ရန်ကုန်တိုင်းဒေသကြီး၊အနောက်ပိုင်းခရိုင်(ဗဟန်း) လူထုအ‌ခြေပြုဗဟိုဌာန၌ ဗဟန်းမြို့နယ်ကြက်ခြေနီအသင်းခွဲနှင့်...

လူထုအခြေပြုဗဟိုဌာန (ဗဟန်း)

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်(ဗဟန်း) လူထုအခြေအပြုဗဟိုဌာန (Community Centre)ကို ယခင်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးအဖြစ် ဗဟန်းမြို့နယ် ငါးထပ်ကြီးဘုရားနှင့် ရွှေဂုံတိုင်လမ်းမကြားရှိပြီး မြေတိုင်းရပ်ကွက် အမှတ်(၂အီး) မြေကွက်အမှတ်(၄၂၁/ဒီ/၆အေ)ဧရိယာရှိ(၀.၃၀၅)ဧကရှိ မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနမှ ၁၆-၉-၁၉၉၂ ရက်နေ့မှစတင်၍(၃)နှစ်ယာယီ‌မြေအသုံးပြုခွင့်ကို(၁၆-၉-၁၉၉၂)ရက်စွဲပါစာအမှတ်၊မခ/မအခ /၃(ဗအ-၃/၉၁)(၂၇၆)ဖြင့် ခွင့်ပြုပေးခဲ့ပါသည်။ ဗဟန်းမြို့နယ်ရုံးကို ၁၉၉၁-၁၉၉၂ ဘဏ္ဍာရေးနှစ်တွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီရုံး၊ အင်ဂျင်နီယာဌာန(အဆောက်အအုံ)၏ ခွင့်ပြုချက် ဖြင့်အဆောက်အအဦဆောက်လုပ်ခဲ့ပါသည်။ရန်ကုန်အနောက်ပိုင်းခရိုင် (ဗဟန်း) လူထုအခြေပြုဗဟို ဌာန(Community Centre) အဖြစ် (၁-၁-၂၀၂၀) ရက်နေ့တွင် စတင်ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပြီး၊ ဖွင့်ပွဲ အခမ်းအနားကို (၈-၂-၂၀၂၀)ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် နိုင်ငံတော်မှ ငွေကျပ်(၄၈၄ဒသမ၁သန်း)ဖြင့် အကုန်အကျခံကာ နိုင်ငံတကာအဆင့်မှိ တည်ဆောက် ပေးထားခြင်းဖြစ်ပါသည်။

Click Here
Click Here