လူထုအခြေပြုဗဟိုဌာန (ဗဟန်း)
ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်း၊ စာပေဗိမာန်စာအုပ်အရောင်းဆိုင်၊ အစည်းအဝေးခန်းမ၊ သင်တန်းခန်းမ ကွန်ပျူတာခန်းမ၊ ဘက်စုံသုံးခန်းမ၊ အားကစားခန်းမ၊ ဟင်းလင်းပြင်ကာယလေ့ကျင့်ခန်း၊ အနုပညာခန်းမ၊ ကလေးကစားကွင်း၊ ကားပါကင်
လှုပ်ရှားမှုများ
လူငယ်နှင့်စာပေအသိပညာပေးTalk Show
January 6, 2026Talk Show,video show
လူငယ်နှင့်အားကစားအသိပညာပေးTalk Show
January 6, 2026Talk Show,video show
လူထုအခြေပြုဗဟိုဌာန (ဗဟန်း)
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်(ဗဟန်း) လူထုအခြေအပြုဗဟိုဌာန (Community Centre)ကို ယခင်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးအဖြစ် ဗဟန်းမြို့နယ် ငါးထပ်ကြီးဘုရားနှင့် ရွှေဂုံတိုင်လမ်းမကြားရှိပြီး မြေတိုင်းရပ်ကွက် အမှတ်(၂အီး) မြေကွက်အမှတ်(၄၂၁/ဒီ/၆အေ)ဧရိယာရှိ(၀.၃၀၅)ဧကရှိ မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနမှ ၁၆-၉-၁၉၉၂ ရက်နေ့မှစတင်၍(၃)နှစ်ယာယီမြေအသုံးပြုခွင့်ကို(၁၆-၉-၁၉၉၂)ရက်စွဲပါစာအမှတ်၊မခ/မအခ /၃(ဗအ-၃/၉၁)(၂၇၆)ဖြင့် ခွင့်ပြုပေးခဲ့ပါသည်။ ဗဟန်းမြို့နယ်ရုံးကို ၁၉၉၁-၁၉၉၂ ဘဏ္ဍာရေးနှစ်တွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီရုံး၊ အင်ဂျင်နီယာဌာန(အဆောက်အအုံ)၏ ခွင့်ပြုချက် ဖြင့်အဆောက်အအဦဆောက်လုပ်ခဲ့ပါသည်။ရန်ကုန်အနောက်ပိုင်းခရိုင် (ဗဟန်း) လူထုအခြေပြုဗဟို ဌာန(Community Centre) အဖြစ် (၁-၁-၂၀၂၀) ရက်နေ့တွင် စတင်ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပြီး၊ ဖွင့်ပွဲ အခမ်းအနားကို (၈-၂-၂၀၂၀)ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် နိုင်ငံတော်မှ ငွေကျပ်(၄၈၄ဒသမ၁သန်း)ဖြင့် အကုန်အကျခံကာ နိုင်ငံတကာအဆင့်မှိ တည်ဆောက် ပေးထားခြင်းဖြစ်ပါသည်။