လူထုအခြေပြုဗဟိုဌာန(ဗဟန်း) Community Centreခန်းမ ၌ အင်္ဂလိပ်စာသင်တန်းဆင်းပွဲကျင်းပ

ဗဟန်း                       မေ            ၅

ရန်ကုန်တိုင်းဒေသကြီး၊အနောက်ပိုင်းခရိုင်၊ လူထုအခြေပြုဗဟိုဌာန (ဗဟန်း)Community Centreခန်းမတွင်ပြန်ကြား‌ရေးနှင့်ပြည်သူ့ ဆက်ဆံ ရေးဦးစီးဌာန နှင့်ကမာရွတ်ခရိုင် အမျိုးသမီးရေးရာ အဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်သော  အင်္ဂလိပ်စာသင်တန်းဆင်းပွဲကို ယနေ့ နံနက်(၁၀)နာရီ အချိန်က ကျင်းပ ခဲ့ကြောင်းသိရသည်။

အဆိုပါအခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ ရန်ကုန်အနောက်ပိုင်း ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင်က သင်တန်းဆင်းအမှာ စကားပြောကြားခဲ့ပြီး အင်္ဂလိပ်စာ နည်းပြဆရာဦးလှသိန်းအား ဂါရဝဂုဏ်ပြုလက်ဆောင် ပေးအပ်ခဲ့ကြောင်းသိရသည်။ ထို့နောက်ဗဟန်းမြို့နယ် အမျိုးသမီးရေးရာအဖွဲ့မှ တာဝန်ရှိသူ များနှင့်နည်းပြဆရာတို့က  အင်္ဂလိပ်စာသင်တန်းတွင်ပထမ ၊ ဒုတိယ ၊ တတိယဆုရရှိသူကျောင်းသား/သူများအားဆုများချီးမြှင့်ခဲ့ကာ အမှတ်တရ မှတ်တမ်းဓာတ်ပုံရိုက်ကာ အခမ်းအနားကိုရုတ်သိမ်းခဲ့ကြောင်းသိရသည်။

အဆိုပါ သင်တန်းဆင်းပွဲသို့  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ ရန်ကုန်အနောက် ပိုင်းခရိုင် ၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင်၊ဗဟန်းမြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ နှင့်သင်တန်းသူ/သင်တန်းသား  တက်ရောက်ခဲ့ကြောင်း သိရှိရသည်။