ဗဟန်း ဒီဇင်ဘာ ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်( ဗဟန်း) လူထုအခြေပြုဗဟိုဌာန၌ ဗဟန်းမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ရှေးဦးပြုစုခြင်းအခြေခံ သင်တန်းကို ယနေ့နံနက် ၉ နာရီ ကဖွင့်လှစ်ခဲ့ကြောင်း သိရပါသည်။
ဆိုပါ သင်တန်းတွင် ဗဟန်းမြို့နယ်ကြက်ခြေနီ အသင်းသားများနှင့်တပ်ဖွဲ့ဝင်ပေါင်း ၄၂ဦးတက်ရောက်ခဲ့ပြီး ကမာရွတ် ခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌ ဦးအောင်ကြည် ၊ဗဟန်းမြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှူးဦးအောင်ကိုဦး ၊ ဗဟန်းမြို့နယ်ကြက်ခြေနီအသင်းခွဲ ဥက္ကဌဦးတင်သိန်း တို့ကရှေးဦးပြုစုခြင်းဘာသာရပ်များကို စာတွေ့၊လက်တွေ့ သင်ကြားပေးမည်ဖြစ်ပြီး သင်တန်းကာလကို ၂၂-၁၂-၂၀၂၅ ရက်မှ ၂၄-၁၂-၂၀၂၅ထိ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်းသိရသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော အသိပညာ ပေးနံရံကပ်စာစောင်နှင့် သုတရသ စာအုပ်စာစောင်များကို သင်တန်းသူသင်တန်းသားများက ကြည့်ရှု့ ခဲ့ကြ ကြောင်းသိရသည်။


