လူထုအခြေပြုဗဟိုဌာန (ဗဟန်း) တွင် စာကြည့်တိုက်စီမံခန့်ခွဲမှုသင်တန်း အမှတ်စဉ် (၁/၂၀၂၅) ဖွင့်လှစ်

ဗဟန်း                                  ဒီဇင်ဘာ    ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ လူထုအခြေပြုဗဟိုဌာန (ဗဟန်း) ရှိ ဘက်စုံသုံးခန်းမတွင် ယနေ့နံနက် ၁၀ နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ရန်ကုန်အနောက်ပိုင်းခရိုင်အတွင်းရှိ ဒုတိယဦးစီးမှူးများဖြင့်  စာကြည့်တိုက်စီမံခန့်ခွဲမှုသင်တန်း အမှတ်စဉ် (၁/၂၀၂၅) ကို ဖွင့်လှစ်သင်ကြား လျက် ရှိကြောင်းသိရှိရသည်။

ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင် က သင်တန်းဖွင့်ပွဲ အမှာစကားပြောကြားခဲ့ပြီးသင်တန်း၌  စာကြည့်တိုက်ဝန်ဆောင်မှု အမျိုးအစားများဘာသာရပ်ဖြင့် စတင်သင်ကြားပို့ချပေးခဲ့ကြောင်း သိရှိရသည်။

အဆိုပါသင်တန်းသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်း ခရိုင်အတွင်းရှိ ဒုတိယဦးစီးမှူး ၁၂ ဦး နှင့်တွဲဘက်ဒုတိယဦးစီးမှူး ၂ဦး စုစုပေါင်း ၁၄ဦးတက်ရောက်သင်ယူ လျက်ရှိကြောင်း၊ခရိုင်လက်ထောက်ညွှန်ကြားရေးမှူးနှင့် ခရိုင်ရုံး ဦးစီးအရာရှိ၊ မရမ်းကုန်း၊ ကြည့်မြင်တိုင်မြို့နယ်များမှ ဦးစီးအရာရှိ များက သင်တန်း နည်းပြများအဖြစ် သင်ကြားပို့ချ သွားမည်ဖြစ်ကြောင်းနှင့် သင်တန်းကို သုံးရက်တာဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။