ဗဟန်းမြို့နယ်၌ “ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးအသိပညာပေး” ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း(Public Talk)ဆွေးနွေးပွဲကျင်းပ

ဗဟန်း ဇူလိုင်       ၂၀

                ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ဗဟန်းမြို့နယ်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာ များ ပူးပေါင်း၍  မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိ ပညာပေး ပြည်သူ့စကားဝိုင်း (Public Talk)ကို ယနေ့နံနက် (၁၀)နာရီ အချိန်က ကျင်းပ သည်။

ဦးစွာ ဗဟန်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံဝင်းက အဖွင့်အမှာစကား ပြောကြားပြီးနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်အေးအေးခိုင်က ပြည်သူ့စကားဝိုင်းများ ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်များကိုပြောကြားသည်။

ဆက်လက်၍ အမှတ် (၁)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ရီရီတင်၊အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ဆုရည်ဇော်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းလွင်နှင့် မြို့နယ်ဥပဒေအရာရှိ  ဒေါ်အေးမြတ်နိုးဦး ၊ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန၊လက်ထောက်ညွှန်ကြားရေးမှူးဒေါ်အေးအေးခိုင်တို့က  မူးယစ်ဆေးဝါးများအကြောင်း၊မူးယစ်အန္တရာယ်များအကြောင်း ၊မူးယစ်ဆေးဝါးသုံးစွဲသူများ အတွက်ပြစ်မှုပြစ်ဒဏ်များအကြောင်း ဆွေးနွေးခဲ့ကြသည်။ထို့နောက်ပြည်သူ့စကားဝိုင်းသို့ တက်ရောက် လာကြသည့် ကျောင်းသား ကျောင်းသူ များက သိရှိ လိုသည်များကို ပြန်လည်မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌနှင့်အဖွဲ့ဝင်များ ၊ ဌာနဆိုင်ရာများ ၊ကျောင်းသားကျောင်းသူများ စုစုပေါင်း(၁၅၀)ဦး တက်ရောက်ခဲ့ကြောင်းသိရသည်။