လူထုအခြေပြုဗဟိုဌာန ( ဗဟန်း)၌ “ ဒေသဖွံ့ဖြိုး တိုးတက်ရေးအသိပညာပေး” ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း(Public Talk)ဆွေးနွေးပွဲကျင်းပ
ဗဟန်း အောက်တိုဘာ ၆ ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ဗဟန်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ဌာနဆိုင်ရာများပူးပေါင်း၍ဒေသဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေး ပြည်သူ့စကားဝိုင်းကို ယနေ့နံနက်(၁၀)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန( ဗဟန်း)၌ကျင်းပ ပြုလုပ်ခဲ့ကြောင်းသိရသည်။ ဦးစွာ ဗဟန်းမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကံဝင်းကအဖွင့်အမှာစကားပြောကြားပြီးနောက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ လက်ထောက်ညွှန်ကြားရေးမှူးဒေါ် အေးအေးခိုင်က ပြည်သူ့စကားဝိုင်းများကျင်းပပြုလုပ်ရသည့် ရည်ရွယ် ချက်များကိုပြောကြားသည်။ဆက်လက်၍ပြည်သူ့စကားဝိုင်းအားဆက်လက်ကျင်းပရာတွင်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ဆုရည်ဇော်၊ ဗဟန်းမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ…