ရန်ကုန်အနောက်ပိုင်းခရိုင်ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်း၌ ပုံပြင်ပြောပြခြင်း၊ ကဗျာရွတ်ဆိုခြင်း၊စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့်စကားပုံဆက်ပြိုင်ပွဲများ ဆောင်ရွက်
ဗဟန်း ဇန်နဝါရီ ၂၃ ရန်ကုန်တိုင်းဒေသကြီး၊အနောက်ပိုင်းခရိုင်(ဗဟန်း) ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်း၌ ကလေးသူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက် လာစေရန်နှင့် စာဖတ်ရှိန် မြင့်မားလာစေရန်ရည်ရွယ်၍ ယနေ့နံနက်(၁၀)နာရီအချိန်က ပုံပြင်ပြောခြင်း၊ ကဗျာရွတ်ဆိုပြခြင်း စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် စကားပုံဆက် ပြိုင်ပွဲများ ဆောင်ရွက်ခဲ့သည်။ ထို့သို့ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်း ခရိုင်ရုံးမှဒုတိယဦးစီးမှူးဒေါ်သင်းသင်းစိုးကကျောင်းသား၊ကျောင်းသူများ အကျင့်စာရိတ္တကောင်းမွန် စေရန်၊ ပြည်သူ့စာကြည့်တိုက်နှင့်…
လူထုအခြေပြုဗဟိုဌာန (ဗဟန်း)Community Centerခန်းမ၌ ဗဟန်းမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ရှေးဦးပြုစုခြင်း(အခြေခံ) သင်တန်း အမှတ်စဉ် (၂) သင်တန်းဆင်းပွဲကျင်းပ
ဗဟန်း ဇန်နဝါရီ ၁၉ ရန်ကုန်တိုင်းဒေသကြီး၊အနောက်ပိုင်းခရိုင်(ဗဟန်း)လူထုအခြေပြုဗဟိုဌာန၌ ဗဟန်းမြို့နယ် ကြက်ခြေနီအသင်းခွဲမှရှေးဦးပြုစုခြင်းအခြေခံ သင်တန်းဆင်းပွဲကို ယနေ့နံနက် ၁၀နာရီက ကျင်းပ ပြုလုပ် ခဲ့ကြောင်း သိရပါသည်။ သင်တန်းဆင်းပွဲတွင် ကမာရွတ်ခရိုင်ကြက်ခြေနီကြီးကြပ်မှု ကော်မတီ ဥက္ကဌဦးအောင်ကြည် က သင်တန်းဆင်းအမှာစကား ပြောကြားခဲ့ပြီးသင်တန်းတွင်ထူးချွန်စွာ သင်ကြားခဲ့ကြသော သင်တန်းသား သင်တန်းသူများကိုဆုများ အသီးသီးချီးမြှင့်ခဲ့ကြောင်းသိရပါသည်။ ထို့နောက်သင်တန်းသားတစ်ဦးမှ ကျေးဇူးတင်စကားပြောကြားပြီးအခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်းသိရပါသည်။ အဆိုပါသင်တန်းတွင်ရှေးဦးပြုစုခြင်းဘာသာရပ်များကိုစာတွေ့၊လက်တွေ့အချိန်၃ရက်ကြာသင်ကြား ပေးခဲ့ပြီး ဗဟန်းမြို့နယ်ကြက်ခြေနီအသင်းဝင်…
ရန်ကုန်အနောက်ပိုင်းခရိုင်(ဗဟန်း) လူထုအခြေပြုဗဟိုဌာနတွင် Youth Club နှင့်စာဖတ်ဝိုင်းပြုလုပ်
ဗဟန်း ဇန်နဝါရီ ၁၉ ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်( ဗဟန်း)Community Centreခန်းမတွင် Youth Club အဖွဲ့ဝင်များနှင့်စာဖတ်ဝိုင်းကို ယနေ့ နံနက် (၁၁)နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါစာဖတ်ဝိုင်းတွင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ရန်ကုန်အနောက်ပိုင်း ခရိုင် လက်ထောက်ညွှန်ကြားရေးမှူးဒေါ်အေးအေးခိုင် က စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး စာရေးဆရာအောင်ကိုဦး(UMK)ရေးသားသော “လူငယ်တွေကိုလမ်းဖွင့်ပေးပါ” စာအုပ်ပါ “အားနည်းချက်လား အားသာချက်လား”ခေါင်းစဉ်ပါ အကြောင်းအရာများကို ဖတ်ကြား…
ဗဟန်းမြို့နယ်အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းတွင်စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အသိပညာပေးဟောပြောပွဲနှင့်ပြပွဲ၊ပြိုင်ပွဲများကျင်းပ
ဗဟန်း ဇန်နဝါရီ ၁၆ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဗဟန်းမြို့နယ် အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်း၊ အောင်ဆန်းခန်းမတွင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အသိပညာပေးဟောပြောပွဲနှင့် ပြပွဲ၊ပြိုင်ပွဲ များကို ယနေ့နံနက် (၁၀)နာရီ အချိန်က ကျင်းပ ခဲ့ကြောင်း သိရသည်။ အဆိုပါအခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရန်ကုန်အနောက်ပိုင်း ခရိုင်လက်ထောက်ညွှန်ကြားရေးမှူးဒေါ်အေးအေးခိုင်ကအဖွင့်အမှာစကားပြောကြားခဲ့ပြီး စာရေးဆရာမ ပေါက်ပေါက်က”တွဲထားလက်များခိုင်စေသား”ခေါင်းစဉ်ဖြင့်ဟောပြောပေးခဲ့ပါသည်။ ထို့နောက် လူငယ် စကားဝိုင်းကျင်းပရာ…
လူထုအခြေပြုဗဟိုဌာန (ဗဟန်း) Community Centre ခန်းမ၌ ဗဟန်းမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ရှေးဦးပြုစုခြင်း(အခြေခံ) သင်တန်း အမှတ်စဉ် (၂) ဖွင့်လှစ်
ဗဟန်း ဇန်နဝါရီ ၁၆ ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင် (ဗဟန်း) လူထုအခြေပြုဗဟိုဌာန၌ ဗဟန်းမြို့နယ် ကြက်ခြေနီအသင်းခွဲမှ ရှေးဦးပြုစုခြင်းအခြေခံ သင်တန်းဖွင့်ကို ယနေ့နံနက် ၉ နာရီ ကကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရပါသည်။ သင်တန်းဖွင့်ပွဲတွင် ကမာရွတ်ခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌ ဦးအောင်ကြည် က သင်တန်းအဖွင့်အမှာစကားပြောကြားပြီး ဗဟန်းမြို့နယ်ကြက်ခြေနီအသင်း တပ်ခွဲမှူးဦးအောင်ကိုဦးက သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ကို ပြောကြားခဲ့ကြောင်းသိရပါသည်။ ဤသင်တန်းတွင်ရှေးဦးပြုစုခြင်း ဘာသာရပ်များကို စာတွေ့၊လက်တွေ့…
လူထုအခြေပြုဗဟိုဌာန(ဗဟန်း)၌ (၇၉)နှစ်မြောက်ပြည်ထောင်စုနေ့အကြိုဟောပြောပွဲ၊ ပြိုင်ပွဲများ၊နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲကျင်းပ
ဗဟန်း ဇန်နဝါရီ ၁၅ ရန်ကုန်တိုင်းဒေသကြီး ၊ ရန်ကုန်အနောက်ပိုင်းခရိုင် ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၊ ဗဟန်းလူထုအခြေပြုဗဟိုဌာနတွင်(၇၉)နှစ်မြောက်ပြည်ထောင်စုနေ့အကြိုဟောပြောပွဲ ၊ ပြိုင်ပွဲများ ၊ နံရံကပ် စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲကို ဟောပြောပွဲ၊ပြိုင်ပွဲများ၊ နံရံကပ်စာစောင် ပြပွဲ၊ စာအုပ်ပြပွဲကို ယနေ့ နံနက် (၁၁) နာရီအချိန်က ကျင်းပခဲ့ကြောင်းသိရသည်။ ရှေးဦးစွာလက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင်က…