ရန်ကုန် မေ ၂၁
ရန်ကုန်တိုင်းဒေသကြီးကမာရွတ်ခရိုင်၊ဗဟန်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိလူထုအခြေပြုဗဟိုဌာန (ဗဟန်း)CommunityCenter၌ယနေ့နံနက်၁၀နာရီကမှုခင်းအသိပညာပေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်း ကမ်းအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌဦးကံဝင်းကအဖွင့်အမှာစကားပြောကြားပြီးရန်ကုန်အနောက်ပိုင်းခရိုင်လက်ထောက်ညွှန်ကြားရေးမှူးဒေါ်အေးအေးခိုင်ကမှုခင်းအသိပညာပေးနှင့်ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းအသိပညာ ပေးဟောပြောပွဲကျင်းပရခြင်းနှင့်ပတ်သက်၍ရှင်းလင်းပြောကြားသည်။ဆက်လက်၍ဗဟန်းမြို့နယ်ဒုတိယဥပဒေအရာရှိဦးကျော်ရဲထွန်းကမှုခင်းအသိပညာပေးဟောပြောခဲ့သည်။ယင်းနောက်ဗဟန်းမြို့နယ် အမှတ်(၄၅)ယာဉ်ထိန်းတပ်ဖွဲ့စုမှူးရုံး၊တပ်ကြပ်ကြီးခင်မြတ်မောင်က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေးဟောပြောခဲ့သည်။
ထိုနောက်အခမ်းအနားတက်ရောက်လာကြသူများကိုတာဝန်ရှိသူများကအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေကြပြီးအခမ်းအနားတက်ရောက်လာကြသူများကမှုခင်းအသိပညာပေးနှင့်ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းအသိပညာပေးပြခန်းများကိုကြည့်ရှုလေ့လာခဲ့ကြောင်းသိရှိရသည်။




