ဗဟန်း ဖေဖော်ဝါရီ ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဗဟန်းလူထုအခြေပြု ဗဟိုဌာနတွင် ယနေ့ မွန်းလွဲ၁ နာရီအချိန်ကစာရေး ဆရာမ မြတ်နိုးရှင်း၏”လိုအပ်တာတွေ” ဆောင်းပါးဖြင့် Book Club စာဖတ်ဝိုင်းပြုလုပ်ခဲ့ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်သင်းသင်းစိုး၊ဗဟန်းBook Clubအဖွဲ့ဝင်များ၊ မြန်မာ့တံခွန်အယ်ဒီတာချုပ်ဆရာ ဦးသူရဇော်နှင့်စာပေချစ်မြတ်နိုးသူများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
ဦးစွာ စာရေးဆရာသမိုင်းမြို့မဘုန်းတေဇ၊ စာရေးဆရာမတင့်တယ်ခင် ၊စာရေးဆရာမညွှန့်ညွှန့် (ကလော)တို့ကမုဒိတာစကားပြောကြားပြီး ဒုတိယဦးစီးမှူး ဒေါ်သင်းသင်းစိုးကကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်းသိရသည်။ထို့နောက် မြန်မာ့တံခွန်အယ်ဒီတာချုပ်ဆရာဦးသူရဇော်က အဖွင့်အမှာ စကားပြောကြားပြီးဆောင်းပါးရှင် ဆရာမမြတ်နိုးရှင်းက” လိုအပ်တာလေးတွေ”ဆောင်းပါးကို ဖတ်ကြားပြီးတက်ရောက်လာကြသော Book Club အဖွဲ့ဝင်များက ဆရာမ၏ဆောင်းပါးကို ဖတ်ကြားခဲ့ကြပြီးစာအုပ်အပေါ်အယူအဆများကို ရှုထောင့်အမျိုးမျိုးမှ ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
ထို့နောက် စာဖတ်ဝိုင်း၌ဆွေးနွေးခဲ့ကြသည့် အချက်များနှင့် ဆက်လျဉ်း၍ဆရာမမြတ်နိုးရှင်းမှ “လိုအပ်တာလေးတွေ” စာအုပ်နှင့် ပတ်သတ်ပြီး ပြန်လည်ရှင်းလင်း ပြောကြားခဲ့ပြီးမြန်မာ့တံခွန် အယ်ဒီတာချုပ် ဆရာဦးသူရဇော်ကပြန်လည်သုံးသပ် ဆွေးနွေးခဲ့ ကြောင်းသိရှိရသည်။ ထိုစာဖတ်ဝိုင်းသို့ တက်ရောက်လာကြသူများသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထား သော စာအုပ်စာစောင်များနှင့်နံရံကပ်စာစောင်များအားကြည့်ရှု့အားပေးခဲ့ကြကြောင်းသိရပါသည်။



