လူထုအခြေပြုဗဟိုဌာန(ဗဟန်း)၌ အင်္ဂလိပ်စာသင်တန်းဖွင့်လှစ်

ဗဟန်း     ဧပြီ       ၂၁

 

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ကမာရွတ်ခရိုင် အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်းဖွင့်လှစ်သော အင်္ဂလိပ်စာသင်တန်းဖွင့်ပွဲ အခမ်းအနားကိုယနေ့နံနက်ပိုင်းတွင်လူထုအခြေပြုဗဟိုဌာန(ဗဟန်း)Community Centre ခန်းမ၌ ပြုလုပ်သည်။

ရှေးဦးစွာကမာရွတ်ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဌ ဒေါ်နီနီအေးက သင်တန်းအဖွင့်အမှာစကားပြောကြားပြီး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင်ကသင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက် နှင့်သင်တန်း နည်းပြဆရာဦးလှသိန်းကသင်ကြားပို့ချမည့်ဘာသာရပ်များကိုပြောကြားကြောင်းသိရသည်။

အဆိုပါသင်တန်းဖွင့်ပွဲသို့ ကမာရွတ်ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဌ ဒေါ်နီနီအေးနှင့်အဖွဲ့ဝင်များ၊ဗဟန်းမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌဦးကံဝင်းနှင့်အဖွဲ့ဝင်များနှင့်သင်တန်းသူ သင်တန်းသားများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။