ဗဟန်း မတ် ၃၀
ရန်ကုန်တိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဗဟန်းလူထုအခြေပြုဗဟိုဌာနတွင် ယနေ့ နံနက် ၁၀နာရီအချိန်က စာရေး ဆရာကြီးအောင်ချစ်မိုး၏”အမေသိပါစေ”ဆောင်းပါးဖြင့်Book Club စာဖတ်ဝိုင်းပြုလုပ်ခဲ့ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်အေးအေးခိုင်၊ဗဟန်းBookClubအဖွဲ့ဝင်များ၊မြန်မာ့တံခွန်အယ်ဒီတာချုပ်ဆရာဦးသူရဇော်နှင့် စာပေချစ်မြတ်နိုး သူများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
ဦးစွာစာရေးဆရာမတင့်တယ်ခင်၊စာရေးဆရာမညွှန့်ညွှန့် (ကလော) တို့ကမုဒိတာစကားပြောကြားပြီး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင်ကကျေးဇူးတင်စကားပြောကြားခဲ့ကြောင်းသိရသည်။ထို့နောက် မြန်မာ့တံခွန်အယ်ဒီတာချုပ်ဆရာဦးသူရဇော်က အဖွင့်အမှာ စကားပြောကြားပြီးဆောင်းပါးရှင် စာရေးဆရာကြီးအောင်ချစ်မိုး၏” အမေသိပါစေ”ဆောင်းပါးကိုဖတ်ကြားပြီးတက်ရောက်လာကြသော Book Clubအဖွဲ့ဝင်များက ဆရာကြီး၏ဆောင်းပါးကိုဖတ်ကြားခဲ့ကြပြီး စာအုပ် အပေါ်အယူအဆများကို ရှုထောင့်အမျိုးမျိုးမှ ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။ထို့နောက် စာဖတ်ဝိုင်း၌ဆွေးနွေးခဲ့ကြသည့် အချက်များနှင့် ဆက်လျဉ်း၍ စာရေးဆရာကြီးအောင်ချစ်မိုး၏”အမေသိပါစေ”ဆောင်းပါး နှင့်ပတ်သတ်ပြီးပြန်လည်ရှင်းလင်းပြောကြားခဲ့ပြီး မြန်မာ့တံခွန် အယ်ဒီ တာချုပ်ဆရာဦးသူရဇော်ကပြန်လည်သုံးသပ် ဆွေးနွေးခဲ့ကြောင်း သိရှိ ရသည်။ထိုစာဖတ်ဝိုင်းသို့တက်ရောက်လာကြသူများသည် ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှခင်းကျင်းပြသထားသော စာအုပ် စာစောင်များနှင့်နံရံကပ်စာစောင်များအားကြည့်ရှု့အားပေးခဲ့ကြကြောင်းသိရပါသည်။




