ရသစာစဥ် စာအုပ်ထုတ်ဝေခြင်း လေးနှစ်ပြည့် အခမ်းအနားကျင်းပ

ရသစာစဥ်စာအုပ်ထုတ်​ဝေခြင်း​လေးနှစ်ပြည့် အထိမ်းအမှတ်စာ​ရေးဆရာများ ​တွေ့ဆုံပွဲကိုယ​နေ့ နံနက်ပိုင်းတွင်ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ လူထုအခြေပြုဗဟိုဌာန(ဗဟန်း) Community Centreခန်းမ ၌ ကျင်းပခဲ့သည်။

ဦးစွာ ရန်ကုန်အနောက်ပိုင်းခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင်က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး ရသစာစဉ်အဖွဲ့ နာယက ဆရာမှော်ဝန်းကြည်မြတ်က အဖွင့်အမှာစကား ပြောကြားသည်။

ဆက်လက်၍ စာရေးဆရာသန်လျင်မောင်မောင်ဦး ၊ ရသစာစဉ်အဖွဲ့နာယက ဆရာမကြီးလေးခင် (တော်ဝင်ပန်း)တို့ကအသီးသီးအမှာစကားများ​ပြောကြားကြသည်။

ယင်းနောက်စာရေးဆရာ ၊ ကဗျာဆရာ ဆရာအောင်ရာဇာ ၊ စာရေးဆရာကဗျာဆရာဆရာ အောင်ဇင်မင်း ၊ စာရေးဆရာ ကဗျာဆရာ ဆရာ​မောင်​သွေးသစ်၊ ရွှေမင်းသားဖောင်ဒေးရှင်း ဖောင်ဒါ ဆရာမြတ်သူဝင်း၊ရသစာစဉ် တာဝန်ခံအယ်ဒီတာ ဆရာမဝင်နီ၊ စာရေးဆရာမကြီး ညွန့်ညွန့် (ကလော)၊ ရသစာစဉ်အယ်ဒီတာဆရာ​​ကျော်ခင်ဝင်း(မင်္ဂလာဒုံ)၊စာရေးဆရာကဗျာဆရာပန်းချီဆရာဆရာဆောင်း ဝင်းလတ်တို့ကအသီးသီးမုဒိတာစကား ပြောကြားကြသည်။