ဗဟန်းမြို့နယ်၌ “ ရပ်ရွာအေးချမ်းသာယာရေး၊တရားဥပဒေစိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးရေးအသိပညာပေး” ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း(Public Talk)ဆွေးနွေးပွဲကျင်းပ

ဗဟန်း                             စက်တင်ဘာ   ၂၃

                ရန်ကုန်တိုင်းဒေသကြီး၊ကမာရွတ်ခရိုင်၊ဗဟန်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ဌာနဆိုင်ရာများပူးပေါင်း၍    ရပ်ရွာအေးချမ်းသာယာရေး၊တရားဥပဒေစိုးမိုးရေးနှင့်ဒေသဖွံ့ဖြိုးရေး အသိပညာပေး ပြည်သူ့စကားဝိုင်းကို ယနေ့နံနက်(၁၀)နာရီအချိန်က  ဗဟန်းမြို့နယ်၊ဆရာစံမြောက်အရှေ့ရပ်ကွက်၊အုပ်ချုပ်ရေးမှူးရုံးအစည်းအဝေးခန်းမ၌ကျင်းပ ပြုလုပ်ခဲ့ကြောင်းသိရသည်။

ဦးစွာ  တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ရီရီတင်နှင့်  ဗဟန်းမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကံဝင်းတို့က အဖွင့်အမှာစကားပြောကြားပြီးနောက်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင်က ပြည်သူ့စကားဝိုင်းများကျင်းပပြုလုပ်ရသည့်ရည်ရွယ်ချက်များကိုပြောကြားသည်။ဆက်လက်၍ပြည်သူ့စကားဝိုင်းအားဆက်လက်ကျင်းပရာတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ရီရီတင်၊  ဗဟန်းမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကံဝင်း၊   မြို့နယ်ရဲတပ်ဖွဲ့မှ ဒုရဲအုပ် စထွန်းထွန်းဝင်းနှင့် ဒုတိယမြို့နယ်ဥပဒေအရာရှိ  ဦးကျော်ရဲထွန်း၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင်တို့က  ရပ်ရွာအေးချမ်းသာယာရေးအတွက် အရေးပါသောအချက်များ၊ ပြည်သူများအနေဖြင့်သိသည့်သော ဥပဒေများ၊ လိုက်နာရမည့် ဥပဒေများအကြောင်းနှင့်  မှုခင်းများကျဆင်းစေရန်အတွက် ပြည်သူများမှ ပူးပေါင်းဆောင်ရွက်ကြဖို့  ဆွေးနွေးပြောကြားခဲ့ကြသည်။ထို့နောက် ပြည်သူ့စကားဝိုင်းသို့တက်ရောက်လာကြသည့် ရပ်ကွက်နေပြည်သူများက ဥပဒေနှင့်ပက်သက်၍ သိရှိလိုသည်များကို မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌနှင့်အဖွဲ့ဝင်များ ၊ ဌာနဆိုင်ရာများ ၊   ဆရာစံ မြောက်အရှေ့ရပ်ကွက်နေပြည်သူများ တက်ရောက်ခဲ့ကြောင်းသိရသည်။