လူထုအခြေပြုဗဟိုဌာန (ဗဟန်း)Community Centerခန်းမ၌ စာရေးဆရာ ‌ဆောင်းလုလင်၏ “ထီးလိုလို မှိုလိုလို” ရှပ်ရှင်အသွင်ပြောင်း ဝတ္ထုတိုများ စုစည်းမှု စာအုပ် မိတ်ဆက်ပွဲ အခမ်းအနား ကျင်းပ

ဗဟန်း        မေ         ၁၀

         ရန်ကုန်တိုင်း‌ဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ လူထုအခြေပြုဗဟိုဌာန (ဗဟန်း)Community Centerခန်းမ၌ စာရေးဆရာ ‌ဆောင်းလုလင်၏ “ထီးလိုလို မှိုလိုလို” ရှပ်ရှင်အသွင်ပြောင်း ဝတ္ထုတိုများ စုစည်းမှု စာအုပ် မိတ်ဆက်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်း ၁၀နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ရန်ကုန်အနောက်ပိုင်းခရိုင် ၊ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင်က အဖွင့်အမှာစကားပြောခြင်း၊ စာရေးဆရာမ လမင်းအိမ်က ဆရာဆောင်းလုလင်၏ ကိုယ်ရေးအကျဉ်း ဖတ်ကြားခြင်း၊ စာရေးဆရာမ အိမ့်ချစ်မေက မုဒိတာစကား ပြောကြား ခြင်းနှင့်ဆရာဆောင်းလုလင်က ရုပ်ရှင်အသွင်းပြောင်း ဝတ္ထုတိုများ စုစည်းမှုစာအုပ် ရေးသားထုတ်ဝေခြင်းနှင့် ပတ်သက်၍ရှင်းလင်းပြောကြား ဆွေးနွေးခဲ့ပါသည်။

အဆိုပါအခမ်းအနားသို့    စာရေးချစ်မြတ်နိုးသူများ(၆၅)ဦး တက် ရောက် ခဲ့ပြီး  အခမ်းအနားအပြီးတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက် ဆံရေး ဦးစီးဌာနက စာအုပ်ပြပွဲနှင့်နံရံကပ်စာစောင်များ ခင်းကျင်းပြသကာ စာအုပ် မိတ်ဆက်ပွဲအခမ်းအနားသို့ကြွရောက်လာကြသူများက ကြည့်ရှုအားပေးခဲ့ ကြကြောင်း သိရှိရသည်။