လူထုအခြေပြုဗဟိုဌာန(ဗဟန်း)တွင် စာရေးဆရာမ မအေးပွင့်၏စတုတ္ထမြောက်စာအုပ်မိတ်ဆက်ပွဲအခမ်းအနားကျင်းပ

ဗဟန်း             ဇူလိုင်         ၃

 

စာရေးဆရာမ မအေးပွင့်၏စတုတ္ထမြောက်စာအုပ်မိတ်ဆက်ပွဲအခမ်းအနားကို  ယနေ့နံနက် ပိုင်းတွင်ရန်ကုန်အနောက်ပိုင်းခရိုင်၊ လူထုအခြေပြုဗဟိုဌာန(ဗဟန်း) Community Centreခန်းမ ၌ ကျင်းပခဲ့သည်။

ဦးစွာ ရန်ကုန်အနောက်ပိုင်းခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင်က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး မြန်မာနိုင်ငံစာရေးဆရာအသင်း ဥက္ကဌ စာရေးဆရာမြင်းမူမောင်နိုင်မိုးက အဖွင့်အမှာစကား ပြောကြားသည်။ဆက်လက်၍စာရေးဆရာ ဟိန်းလတ်၊သန်လျင်မောင်မောင်ဦး၊ရသစာစဉ်အဖွဲ့နာယကဆရာမကြီးလေးခင်(တော်ဝင်ပန်း) တို့ကအသီးသီမုဒိတာစကားများပြောကြားကြသည်။

ထို့နောက် စာရေးဆရာမ မအေးပွင့်က “ကြုံရ ဆုံရ ဖြစ်ပျက်သမျှ အပျိုစင်ဘဝ” စာအုပ်ကိုရေးသားဖြစ်ပုံများကိုရှင်းလင်းပြောကြားပြီး အခမ်းအနားကိုရုတ်သိမ်းခဲ့ကြောင်းသိရသည်။