ဒုတိယဝန်ကြီး ဦးရဲတင့် ရန်ကုန်တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ခရိုင်နှင့် မြို့နယ်တို့မှ ဦးစီးမှူးများနှင့် တွေ့ဆုံ

ဗဟန်း    ဇူလိုင်           ၉

      ပြန်ကြားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဦးရဲတင့်သည်ယမန်နေ့နံနက်ပိုင်းက ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိလူထုအခြေပြုဗဟိုဌာန (Community Centre)၌ ရန်ကုန်တိုင်းဒေသကြီးပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ခရိုင်နှင့် မြို့နယ်တို့မှ ဦးစီးမှူး များနှင့် တွေ့ဆုံသည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှညွှန်ကြားရေးမှူးများနှင့် တက်ရောက်လာကြ သည့် ခရိုင်၊ မြို့နယ်တို့မှ ဦးစီးမှူးများက သက်ဆိုင်ရာကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကိုရှင်းလင်းတင်ပြကြရာဒုတိယဝန်ကြီးကရှင်းလင်းတင်ပြချက်များနှင့်စပ်လျဉ်း၍လိုအပ်ချက်များကိုဖြည့်စွက်မှာကြားပြီးလုပ်ငန်းဆိုင်ရာများနှင့်ဝန်ထမ်းရေးရာကိစ္စရပ်များမှာကြားသည်။

ဒုတိယဝန်ကြီးသည်ယမန်နေ့မွန်းလွဲပိုင်းတွင်ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲ ရုပ်ရှင်ဖွံဖြိုးတိုးတက်ရေးစင်တာနှင့် မော်ကွန်းရုပ်ရှင်ရုံးတိုတွင် ဖွင့်လှစ်လျက်ရှိသောမြန်မာ့ရုပ်ရှင်သရုပ် ဆောင်မြှင့်တင်ရေးသင်တန်းနှင့် ရုပ်ရှင်ဓာတ်ပုံသင်တန်းတို့အား ဝင်ရောက်ကြည့်ရှုပြီး သင်တန်း နည်းပြများနှင့် သင်တန်းသူ၊ သင်တန်းသားများကို တွေ့ဆုံအားပေးပြီး လိုအပ်သည်များ ဆွေးနွေး မှာကြားခဲ့သည်။