ဗဟန်း ဇူလိုင် ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ရန်ကုန်အနောက်ပိုင်းခရိုင်၊ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊လူထုအခြေပြုဗဟိုဌာန(ဗဟန်း)၊ Community Centre ခန်းမ၌ ယနေ့ မွန်းလွဲ ၁နာရီအချိန် ( ၇၉)နှစ် မြောက် အာဇာနည် နေ့အကြို ဟောပြောပွဲ နှင့်ပြပွဲ၊ပြိုင်ပွဲများကျင်းပ ခဲ့ကြောင်း သိရသည်
ရှေးဦးစွာပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူးဒေါ်အေးအေးခိုင် ကအဖွင့်အမှာစကားပြောကြားပြီး စာရေးဆရာမ ညွှန့်ညွှန့်( ကလော)က အာဇာနည်၏ အဓိပ္ပါယ် ၊အာဇာနည်ခေါင်းဆောင်ကြီးများအကြောင်း ၊ အာဇာနည်ခေါင်းဆောင် တို့အသက်နှင့်ရင်းထားရသောလွတ်လပ်ရေးကိုထိမ်းသိမ်းတတ်စေဖို့ အတွက် “အာဇာနည်နေ့ ဒို့မမေ့”ခေါင်းစဉ်ဖြင့်ဟောပြောပေးပြီး တက်ရောက်လာသောကျောင်းသားကျောင်းသူများက ကျပန်းစကားပြော ပြိုင်ပွဲ၊ပုံပြင်ပြောပြိုင်ပွဲ၊ကဗျာရွတ်ဆိုပြိုင်ပွဲ၊ဉာဏ်စမ်းပြိုင်ပွဲများကျင်းပ၍ အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ကြောင်းသိရသည်။
ဟောပြောပွဲသို့တက်ရောက်လာကြသောကျောင်းသားကျောင်းသူ များကပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှခင်းကျင်းပြသထားသော ဗဟုသုတရစေသော သုတ/ရသ စာအုပ်စာစောင်များနှင့် အသိပညာပေးနံရံကပ်စာစောင်များကို ကြည့်ရှု့ခဲ့ကြကြောင်းသိရသည်။







